-->

Sunday, July 14, 2013

ရာသီသစ်အစမီ ကစားသမားသစ်များ ထပ်မံခေါ်ယူနိုင်မည်ဟု ပယ်လ်လီဂရီနီ ယုံကြည်နေ

ရာသီသစ်အစမီ ကစားသမားသစ်များ ထပ်မံခေါ်ယူနိုင်မည်ဟု ပယ်လ်လီဂရီနီ ယုံကြည်နေပရီးမီးယားလိဂ် ရာသီသစ် မစတင်မီ အသင်းအနေဖြင့် ကစားသမား သစ်များ ခေါ်ယူနိုင် လိမ့်မည်ဟု မန်စီးတီး နည်းပြ ပယ်လ်လီဂရီနီမှ ဖွင့်ဟပြောဆို ခဲ့သည်။ ပယ်လ်လီဂရီနီသည် နည်းပြဟောင်း မန်ချီနီထံမှ နည်းပြ ရာထူးအား လွှဲပြောင်း ရယူပြီးနောက် ဖာနန်ဒင်ဟို နှင့် ဂျီးဆက်စ်နာဗက်စ်တို့ နှစ်ဦးအား ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သော်လည်း နယူးကာဆယ် အသင်းနှင့် ကစားရမည့် ရာသီအဖွင့် ပွဲစဉ်မတိုင်မီ ကစားသမား အင်အားဖြည့်တင်း မှုများ ဆက်လက်ပြုလုပ် လိုနေခြင်း ဖြစ်သည်။
မန်စီးတီး အသင်းသည် လက်ရှိ အချိန်တွင် နီဂရာဒို နှင့် ဂျိုဗီတစ်တို့ နှစ်ဦးအား ခေါ်ယူနိုင်ရန် အလွန်နီးစပ်သည့် အနေအထားသို့ ရောက်ရှိနေပြီး အသင်း၏ အားကစား ဒါရိုက်တာဖြစ်သူ ဘက်ဂရီစတိန်သည် အဆိုပါ ကစားသမား နှစ်ဦးနှင့် သဘောတူညီချက် ရယူရန် အတွက် အသင်း၏ တောင်အာဖရိက ခြေစမ်းပွဲ ခရီးစဉ်မှ ချဉ်လှပ်နေခဲ့သည်။
“ကျွန်တော်တို့ အသင်းရဲ့ လူစာရင်းကို တောင့်တင်းအောင် ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ခင်ဗျားတို့ ပြောသလိုပါပဲ ကျွန်တော်တို့ ဈေးကွက်ထဲမှာ လှုပ်ရှားနေပါတယ်။ ခုချိန်မှာ ဘယ်ကစားသမားက ကျွန်တော်တို့ဆီ ရောက်လာမလဲဆိုတာကို မသိသေးပေမယ့် ကျွန်တော်တို့ လူစာရင်းမှာ ထပ်မံအားဖြည့်ဖို့အတွက် အကောင်းဆုံး ကစားသမားကို ခေါ်ယူမှာပါ”ဟု ပယ်လ်လီဂရီနီမှ အသင်း၏ ကစားသမားသစ် ခေါ်ယူရန် လှုပ်ရှားမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks