-
By 8 Days

ပရဟိတနဲ့
ပတ်သက်ပြီးကြုံ ရင်ကြုံသလို လှူဖြစ် ပါတယ်။ သွေးကတော့ ခဏခဏ လှူဖြစ်တယ်။
ပရဟိတ လုပ်ရတာကိုလည်း အရမ်း ဝါသနာပါ ပါတယ်။ ဒါပေမဲ့ ပညာ ရေးဘက်ကို
အားပေးတဲ့ ပရဟိတ တွေကို ပိုပြီးလုပ်ဖြစ်ပါတယ်။ မိစန္ဒီ ဘာပဲလုပ်လုပ်
ကိုယ်လုပ်တဲ့ အလုပ် ကို အကောင်းဆုံး ဖြစ်အောင် ကြိုး စားတယ်။ သူများကို
ယှဉ်ပြိုင်တာ ထက် ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်ရ တာကိုပိုသဘောကျတယ်။ မိစန္ဒီ
ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မခံယူထားပါဘူး။ အောင်မြင်မှုကို
ဘယ်လိုပေတံမျိုးနဲ့ တိုင်းတာရမလဲ မိစန္ဒီ မသိဘူး။ အခုလို နေရာမျိုးရ
ဖို့အတွက်တော်တော်ကြိုးစားခဲ့ရ တယ်။ ကိုယ်ဆိုနေကျပုံစံ တွေထဲက နေခွထွက်ပြီး
ဆိုဖို့ အစီအစဉ် တော့ မရှိပါဘူး။ ဒါပေမဲ့ ဆိုနေကျ R & B ပုံစံလေး
တွေကနေ နည်း နည်း Rock ဆန်လာတာ လေးတော့ ရှိပါတယ်။ အဝတ်အစား ကတော့
မိန်းမဆန်တဲ့ အဝတ်အစားမျိုး သိပ် မဝတ်ဖြစ်ဘူး။ အရမ်းကြီးလည်း
ယောကျာ်းမဆန်ဘဲ လုံလုံခြုံခြုံဖြစ် မယ့် အဝတ်အစား မျိုးကိုတော့ ဒီ
ဇိုင်နာတွေနဲ့ အပ်ဖြစ်တယ်။ မိစန္ဒီကံငစံသစ ဆန်တဲ့ ဖက်ရှင်မျိုးကို
ပိုကြိုက်တယ်။ မိစန္ဒီက ကိုယ်လုပ် တဲ့ အလုပ်ကို အသေးအမွှားကအစ ဂရုစိုက်ပြီး
အားထုတ်တတ်လို့ သူ များထက် နှစ်ဆ ပိုပင်ပန်းရတယ်။ ရှေ့ဆက်ပြီးတော့လည်း
ပရိသတ် တွေအတွက် မိစန္ဒီဆက်ပြီး ကြိုး စား သွားမှာပါ။
0 comments:
Post a Comment