-->

Monday, July 29, 2013

ရာသီကြို ပထမဆုံး ရှုံးပွဲတွေ့မှုအပေါ် ဂွါဒီယိုလာ ကာကွယ် ပြောဆို

By The Voice Journal

ရာသီကြို ပထမဆုံး ရှုံးပွဲတွေ့မှုအပေါ် ဂွါဒီယိုလာ ကာကွယ် ပြောဆိုဂျာမန် ဆူပါကပ် ပြိုင်ပွဲတွင် ဒေါ့မွန်အသင်းက ဘိုင်ယန်မြူးနစ် အသင်းကို အိမ်ကွင်း၌ ဂိုးပြတ် အနိုင် ရရှိသွားမှုအပေါ် ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက အသင်းဘက်မှ ကာကွယ် ပြောဆိုကြောင်း BBC ၌ ဖော်ပြထားသည်။
နည်းပြသစ် ဂွါဒီယိုလာသည် ဘိုင်ယန်အသင်းကို စတင် ကိုင်တွယ်ခဲ့ ပြီးနောက် ကစားခဲ့သည့် ၁၀ ပွဲ မြောက် ပွဲစဉ်တွင် ရှုံးပွဲ စတင် ကြုံတွေ့ ရခြင်း ဖြစ်သော်လည်း ရာသီကြို ဖလား နှစ်လုံးကို အသင်းအတွက် ရယူပေးနိုင် ခဲ့သည်။ ဒေါ့မွန်အသင်းကလည်း ပြီးခဲ့သည့် ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘိုင်ယန်အသင်းကို အရှုံးပေးခဲ့ရပြီးနောက် ယခုအကြိမ်တွင် ရှေ့တန်း ကစားသမား မားကို့ရှူ့စ်၏ ခြေစွမ်းပြ သွင်းဂိုး နှစ်ဂိုး အပါအဝင် လေးဂိုး၊ နှစ် ဂိုးဖြင့် ပြန်လည် လက်စားချေနိုင်ခဲ့ခြင်း ဖြစ်သည်။ စပိန်နိုင်ငံသား နည်းပြက “ကျွန်တော်တို့ ဒီပွဲမှာ ရလဒ်အရ ရှုံးခဲ့သော် လည်း ဒေါ့မွန် ကစားပုံဟာ ဘိုင်ယန်လောက် မကောင်းခဲ့ပါဘူးလို့ ကျွန်တော် ခံစားရပါတယ်” ဟု ဖွင့်ဟခဲ့သည်။
ထိုပြိုင်ပွဲတွင် ဘိုင်ယန် အသင်း၏ အဓိက ကွင်းလယ် ကစားသမားများ ဖြစ် သည့် ရီဘာရီ၊ မာတီးနက်ဇ်၊ ဂေါ့ဇီတို့နှင့်အတူ ဂိုးသမား နူအာတို့ ဒဏ်ရာ ပြဿနာများကြောင့် ပါဝင်လာခြင်းမရှိသလို ရှဝိန်းစတိုင်ဂါကိုမူ ဒုတိယပိုင်းမှသာ ထည့်သွင်းခဲ့သဖြင့် အသင်း အားနည်းခဲ့ခြင်း ဖြစ်သည်။ ဒေါ့မွန်နည်းပြ ကလော့ပ်က “အလွန် ကြီးကျယ်တဲ့ ပွဲ တစ်ပွဲလို့ ဆိုရမှာ ပါ။ နှစ်သင်းစလုံးရဲ့ အတက်အဆင်း ကစားပုံဟာ မနက်ဖြန်ဆိုတာကို မေ့နေ ကြသလိုပါပဲ၊ ကျွန်တော်တော့ ဂုဏ်ယူပါတယ်” ဟု ဆိုခဲ့သည်။
ဂွါဒီယိုလာသည် လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ဘာစီလိုနာ အသင်းနှင့် လက်တွဲခဲ့ရာတွင် ဆုဖလား ၁၃ လုံးထိ ရယူပေးနိုင်ခဲ့ပြီး ဘိုင်ယန် နည်းပြအဖြစ်မှ နုတ်ထွက်သွားသည့် နည်းပြ ဟေးလ်နက်စ်၏ နေရာ၌ အစားထိုး ဝင်ရောက်လာသူလည်း ဖြစ်သည်။ ယခုအခါ ဒေါ့မွန်အသင်း၏ ငါးကြိမ်မြောက် ရယူနိုင်ခဲ့သည့် ဆူပါဖလား အကြိမ် အရေအတွက်သည် ဘိုင်ယန်အသင်း ရယူနိုင်ခဲ့သည့် အကြိမ် အရေအတွက်နှင့် တူညီသွားခဲ့ပြီ ဖြစ်သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks