-->

Sunday, July 28, 2013

အနုပညာရှင်နှင့် တတ်တူးဖက်ရှင်

အနုပညာရှင်နှင့် တတ်တူးဖက်ရှင်၂၁ ရာစု လူငယ်တွေရဲ့ ဖက်ရှင် အစိတ်အပိုင်းတွေ ထဲက တစ်ခုအဖြစ် ပါဝင်လာတဲ့ တက်တူး ဖက်ရှင်က ၂ဝ၁၂၊ ၂ဝ၁၃ ဝန်းကျင်မှာတော့ ပိုမိုကျယ်ပြန့်စွာ တွေ့ရှိလာ ရပါတယ်။ ခန္ဓာကိုယ်ပေါ်က အနုပညာ တစ်ခု ဖြစ်တဲ့ တက်တူးဟာ ရှေးမြန်မာမင်း များလက်ထက် ထိုးကွင်း မင်ကြောင် များ ရေးဆွဲခြင်းမှ အစပြုခဲ့တယ် ဆိုရပါမယ်။ တိုးတက် လာတဲ့ ခေတ်နဲ့ အညီတက်တူး ဒီဇိုင်းဆန်း များကို လည်း ၂၁ ရာစု အတွင်းမှာတွေ့ရှိ လာရပါတယ်။ လူကြီး၊ လူငယ် အရွယ် စုံနှစ်သက်လာကြတဲ့ တက်တူး ဖက်ရှင် များနဲ့ ပတ်သက်ပြီး အနုပညာရှင်များ ထဲက တက်တူးခရေဇီအချို့ရဲ့ စကား သံများ ကိုမေးမြန်းဖော်ပြ လိုက်ပါတယ်။
ထူးအယ်လင်း
" တက်တူးတော့ ကြိုက်တယ်။ ညီတော်မောင်တွေ ကလည်းမြှောက် ပေးတာနဲ့၂ဝဝ၇ လောက်မှာ ထိုးဖြစ် တယ်။ တက်တူးကို ကနုတ်တွေပဲ ကြိုက် တယ်။ အကောင်တွေ ဘာတွေ သိပ်မကြိုက်ဘူး။ ခုလတ်တလော ထိုးနေတဲ့ Bio တက်တူးတို့၊ ဘာတို့ထက် ကနုတ်သီးသန့်ကို ပိုကြိုက်တယ်။ အဆိုတော် တစ်ယောက်အနေ နဲ့ပိုပြီး စွဲဆောင်မှု ရှိတာ၊ မရှိတာထက် ကြိုက်လို့ထိုးတာ ပါ။ တက်တူးကလည်း အနုပညာတစ်ခု ပါပဲ။လူတိုင်းထိုး နိုင်တယ်ဆိုပေမယ့် ကိုယ်နဲ့ လိုက်ဖက်တာမျိုးကိုရွေးထိုး တာ ကောင်းတယ်"
အောင်လ
" တက်တူးဆိုတာလူတစ် ယောက် ရဲ့ Art ပဲ။ ဟိုးအရင်လူကြီးတွေခေတ်ကတည်းကလည်းရှိတယ်။ တက်တူးက ကြိုက်တဲ့သူရှိတယ်။ မကြိုက်တဲ့သူ ရှိတယ်။ကျွန်တော်က သရဲပုံတွေဘာတွေလည်း ကြိုက်တော့ အဲဒီလိုပုံစံထိုးထားတယ်။ ဆက်ပြီးလည်း တစ်ကိုယ်လုံးမှာ ထိုးသွားဖို့ရှိတယ်"
ဂျောက်ဂျက်
" တက်တူးနဲ့ပတ်သက်ပြီးတော့ သေရာပါဖြစ်နေတဲ့အတွက် မထိုးရင်မထိုးနဲ့။ ထိုးနိုင်တဲ့အချိန်ကျမှထိုး။ သေရာပါမှာ ဖြစ်တဲ့အတွက် စိတ်ချရမယ့် နေရာမျိုးမှာပဲ ထိုးစေချင်တယ်။ ကျွန်တော့်ခံယူချက်ကို ပြောရမယ်ဆိုရင် လူကြီးတွေ အကုန်လုံးမုန်းသွားလိမ့်မယ်။ တစ်ကိုယ်လုံးကို တက်တူးတွေ မွနေအောင် ထိုးစရာမလိုဘူး။ ကိုယ့်ရဲ့ အထိမ်းအမှတ်တစ်ခု၊ အမှတ်တရ တစ်ခုခုပေါ့။ ကျွန်တော်ဆိုရင် အဆိုတော်ဖြစ်လာခဲ့တဲ့ အဖွဲ့နာမည်ကို ထိုးချင်ထိုးမယ်။ ခန္ဓာကိုယ်မှာ တကယ့်ကို ရှိသင့်တာမျိုး ဆိုရင်တော့ ထိုးသင့်တယ်။ အဲဒါကို မှ လူကြီးတွေကတစ်ပုံထိုးလည်း ဘာဖြစ်တယ်။ နှစ်ပုံထိုးလည်း ဘာဖြစ်တယ်ဆိုရင်တော့အမြင် ကျဉ်းတာပေါ့။ တကယ်ထိုးချင်တဲ့ပုံတစ်ခုတော့ရှိတယ်။ ကျွန်တော့်ကျောကုန်းမှာ ရန်ကုန်မြို့ရဲ့မြေပုံပေါ့။ ရန်ကုန်မြို့ရဲ့ အချက်အချာကျ တဲ့နေရာတွေ၊ ရွှေတိဂုံစေတီတော် တို့လိုမျိုးပေါ့။ အဲဒီပုံစံကိုထိုးဖို့ စိတ်ကူးရှိတယ်။ အခုတော့ မထိုးဖြစ်သေးဘူး"
Snare
" တက်တူးနဲ့ပတ်သက်ပြီး Hip-II နဲ့ သီချင်းတောင်ဆိုထားသေးတယ်။ အဲဒီသီချင်းက Hip-II အခွေထဲမှာ နောက်ဆုံးဆိုထားတဲ့သီချင်းပေါ့။ နားထောင် လိုက်ရင်တော့တက်တူးအကြောင်း သိသွားမှာပါ။ တက်တူးကို အတင်းထိုးပါလို့တော့ မတိုက်တွန်းပါဘူး။ ကိုယ့်စိတ်နဲ့ ကိုယ်ပဲပေါ့။ ကုမ္ပဏီ အလုပ်တို့၊လူကြီး တို့လုပ်မယ့်သူတွေကတော့ မထိုးနဲ့ပေါ့။ ကျွန်တော်တို့ကတော့သီချင်းဆိုတဲ့ အဆိုတော်တွေ ဆိုတော့ကိစ္စသိပ်မရှိပါဘူး"
ခင်လှိုင်
"တက်တူး အမှတ်တရကတော့ ကိုရန်လေး (ရန်အောင်) ကစတာပဲ။ သူ အမေရိကကပြန်လာတော့ တက်တူးစတစ်ကာတွေပါလာတယ်။ ကျွန်တော်က ညပွဲမှာကပ်ဖို့အဲဒီ စတစ်ကာ လေးတောင်းတော့ကိုရန်လေးက ထိုးလိုက်ပေါ့၊ ယောက်ျားမဟုတ်တဲ့ အတိုင်းပဲတဲ့။ အဲဒါနဲ့ကျွန်တော်လည်း မခံချင်စိတ်နဲ့ညတွင်းချင်း လက်ကောက်ဝတ်မှာ သွားထိုးရော။ နောက်နေ့ ကိုရန်လေးနဲ့တွေ့တော့အစ်ကိုကျွန်တော်ထိုး ပြီးသွားပြီလို့ ပြလိုက်ရော ကိုရန်လေးက ဟာဟေ့လူ ကျွန်တော်က နောက်တာတဲ့။ အဲဒါက အမှတ်တရပဲ။ ကျွန်တော်ကတော့ တက်တူးဆိုတာ လူရဲ့ခန္ဓာကိုယ် အရေပြားမှာရေးဆွဲရတဲ့ ကိုယ်ပိုင်ပန်းချီကားပါပဲ။ တစ်သက်လုံးပါမှာဖြစ်တဲ့ အတွက်ကြောင့်လေ။ ပြန်ဖျက်ဖို့ ဆိုတာ အဆင်မှမပြေတာ" 
                                                                                                                 ရဲရဲ၊ မျိုးမောင်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks