-->

Thursday, July 18, 2013

ဖီအိုရင်တီးနား ကြယ်ပွင့် ဂျိုဗီတစ်ကို မန်စီးတီး ခေါ်ယူနိုင်ခဲ့

By ရိုးရာလေး

ဖီအိုရင်တီးနား ကြယ်ပွင့် ဂျိုဗီတစ်ကို မန်စီးတီး ခေါ်ယူနိုင်ခဲ့တိုက်စစ်မှူး ဂျိုဗီတစ်ကို မန်စီးတီးသို့ ရောင်းချရန် သဘောတူညီခဲ့ကြောင်း ဖီအိုရင်တီးနား အသင်းပိုင်ဝက်ဆိုက်တွင် အတည်ပြုဖော်ပြထား
သည်။ မန်စီးတီးမှာ ဂျိုဗီတစ်ကို ခေါ်ယူရန် ယူရို ၂၇သန်းပေးချေခဲ့ရပြီး ကစားသမား၏ ပွဲထွက်ပါဝင်မှု၊ စွမ်းဆောင်မှုနှင့် အောင်မြင်မှုတို့အတွက် ယူရို ၃သန်း ထပ်မံပေးချေ ရမည်ဖြစ်သည်။
အပြောင်းအရွှေ့ ကာလစတင်ချိန်ကပင် ဂျိုဗီတစ်ကိုခေါ်ယူရန် ဂျူဗင်တပ်မှ ကမ်းလှမ်းခဲ့သော်လည်း အသားတင် ငွေသား ယူရို သန်း ၃၀ အလိုရှိသည့် ဖီအိုရင်တီးနား၏ တောင်းဆိုမှုကို မပေးချေ နိုင်ခဲ့ခြင်းကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပေ။ သို့သော် မန်စီးတီးမှာမူ ဆီဗီလာ တိုက်စစ်မှူး နီဂရီဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဂျိုဗီတစ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏ တိုက်စစ်ပိုင်းတွင် အဂူရို၊ ဒီဇီကို၊ နီဂရီဒို၊ ဂျိုဗီတစ် စသည့် တိုက်စစ်မှူး လေးဦးထိ ရှိလာခဲ့သည်။

zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks