-->

Thursday, July 18, 2013

အိပ်မက်ဆိုးက နိုးထဖို့ ပုံပြင်တွေကို စွန့်လွှတ်လိုက်ပါ ဂန်းနား

အိပ်မက်ဆိုးက နိုးထဖို့ ပုံပြင်တွေကို စွန့်လွှတ်လိုက်ပါ ဂန်းနားအပြောင်းအရွှေ့ ရာသီအစမှာ ဘယ်ရွှေ့၊ ဘယ်မျှ
သုံးမယ်ဆိုတဲ့ အမြောက်တပ်ကြီးဟာ ခုထိ ထိပ်တန်းကစားသမား တစ်ဦးမှမခေါ်နိုင်သေးပေမယ့်
ဝင်းဂါးတို့ တစ်သိုက်ကတော့ အပြောအဆို ညက်ညောတုန်း။ “ ကျွန်တော်တို့ရဲ့ အသုံးစရိတ်နဲ့ဆိုရင် ရွန်နီကို လစာပေးနိုင်ပါတယ်”လို့ ၀င်းဂါးက ဆိုခဲ့တာပါ။ ဒီလို အရာမထင်တဲ့ ပုံပြင်တွေနဲ့ ဟိုက်ဘူရီ အိပ်မက်ကို အသက်ပြန်သွင်းရင်း အမ်းမရိတ်စ် သေဆုံးနေခဲ့တာ ရှစ်ရာသီ ရှိခဲ့ပြီ။ ဒီထက် ပိုရင်နာစရာ ကောင်းတာက အစောပိုင်းနှစ်တွေတုန်းက ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ အသင်းရဲ့ဒီဘက်နှစ် မျှော်လင့်ချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ဖြစ်နေတာပါပဲ။ ဘဏ္ဍာရေး ဗဟိုပြုတဲ့ အသင်းတွေက အောင်မြင်မှု ရရင်တောင် ငွေကြေး အရှုံးအမြတ်ရဖို့ မလွယ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေး ဦးထိပ်တင်ထားတဲ့ အာဆင်နယ်အတွက်ကတော့ ပရိသတ် ယုံကြည်မှု ဆုံးရှုံးနေတာပါပဲ။
ဂါဇီဒစ်ကလည်း ဒီအပြောင်းအရွှေ့မှာ ပေါင် ၇၅သန်း သုံးမယ်သာ ပြောခဲ့တာ။ အဓိကဆိုလိုရင်းက အသင်းမှာ သူ့အာဏာ လွှမ်းမိုးလို့ရလာအောင် ခရွန်ကီတို့ အဖွဲ့ကို ဝေဖန်ချင်တာပါပဲ။ ဒါကြောင့် မူဝါဒပြောင်းသင့်တယ်လို့၊ နည်းလမ်းမမှန်ဘူးတို့ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံးခဲ့တာပါပဲ။ သူပြောတာလည်း မှားတော့မမှားပါဘူး။ အာဆင်နယ် ဘုတ်အဖွဲ့ဝင်တွေဟာ အဟောင်းတန်းမှာပဲ အလုပ်ဖြစ်လောက်တဲ့ လုပ်ကွက်တွေကို ဈေးကွက်ထဲမှာ ထုတ်သုံးနေတာ ဟာသ မဟုတ်ပေမယ့် ရယ်ရပါတယ်။ ပေါင် ၂၃သန်းကျော်လောက်နဲ့ အရခေါ်နိုင်မယ့် ဟီဂူအင်ကို နှစ်ပဲ တစ်ပြား ဈေးဆစ်နေတာကြောင့် အရမခေါ်နိုင်ခဲ့သလို ကာဗာနီနေရာ အစားထိုးဖို့ တိုက်စစ်မှူးသစ် အလိုရှိနေတဲ့ နာပိုလီ ကြားဝင်လာခဲ့ချိန်မှာတော့ ရိးရဲလ်က ပေါင် ၃၇သန်း ဈေးခေါ်ပြီး အာဆင်နယ်ကို ပညာပြန်ပေးလိုက်ပါပြီ။ သေချာတာကတော့ အာဆင်နယ်အတွက် ဒီရာသီ ဖလားလက်မဲ့မဖြစ်ဖို့ အရေးကြီးတယ်ဆိုတာကို အသင်းတာဝန်ရှိသူတွေ နားလည်ထားမှာပါ။
ဒီလို နားလည်ထားရင် လက်ရှိ ကစားသမားအင်အားနဲ့ အလုပ်မဖြစ်ဘူးဆိုတာကိုပါ ဆက်သိထားရမှာဖြစ်ပြီး ထိပ်တန်း ကစားသမားတွေ ပြန်အားဖြည့်ဖို့က မဖြစ်မနေ လုပ်ရမယ့်ကိစ္စတစ်ခုပါ။ ထိပ်တန်း ကစားသမားသစ်ခေါ်တိုင်း အောင်မြင်မှုရဖို့ မသေချာပေမယ့် နောက်ထပ် ကစားသမားကောင်းတွေကို ဆွဲဆောင်နိုင်စွမ်း ရှိသွားတာတော့ သေချာပါတယ်။ လက်ရှိ အာဆင်နယ် အသင်းသားတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်လောက်တဲ့ ဗီယာရာလို ဦးဆောင်သူမျိုးရှိမနေသလို အရေးကြုံရင် တိတိပပ အားကိုးရလောက်မယ့် ကစားသမားမျိုး ရှားပါးပါတယ်။ ဒါကြောင့် ဟိုက်ဘူရီ အိပ်မက်တွေ အသက်ပြန်ဝင်လာဖို့ ပရီးမီးယားလိဂ် ရာသီသစ် ပြန်မစမီ ရက် ၃၀ အလိုမှာ အာဆင်နယ်အနေနဲ့ အရာမထင် ပုံပြင်တွေကို စွန့်လွှတ်ရမယ်ဆိုတာ...........

zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks