-->

Tuesday, July 2, 2013

အဝေးသင် တက္ကသိုလ် ကျောင်းသား များထံမှ စစ်တမ်းကောက်ယူမည်

အဝေးသင် တက္ကသိုလ် ကျောင်းသား များထံမှ စစ်တမ်းကောက်ယူမည်အဆင့်မြင့် ပညာရေးစနစ် ပြောင်းလဲရေး အတွက် အထောက်အကူ ဖြစ်စေရန် ရန်ကုန်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့တွင် တက်ရောက် သင်ကြားကြသော ကျောင်းသား၊ ကျောင်း သူများထံမှ လက်ရှိ အဝေးသင် ပညာရေး စနစ်ကို သုံးသပ်သည့် စစ်တမ်း စာရွက်များ ယခုပညာသင်နှစ်တွင် စတင်ကောက် ခံသွားရန် ရှိကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ လှတင့်က The Voice သို့ ပြောကြားသည်။
ရှေ့ပြေးဆောင်ရွက်မှု အနေနှင့် ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်နှင့် အနောက်ပိုင်း တက္ကသိုလ် စာဖြေဌာန တို့တွင် ကောက်ခံ လျက် ရှိပြီး ထပ်မံ၍ အခြားစာ စစ်ဌာန များတွင်လည်း ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါ စစ်တမ်း ကောက်ယူမှုကို ယခင်က နှစ်တိုင်း လုပ်ဆောင်လျက် ရှိသော်လည်း လွန်ခဲ့သော ၂ နှစ်ခန့်က စစ်တမ်းကောက်ယူမှု ရပ်နားခဲ့ရာမှ ယခုပညာသင်နှစ်တွင် ပြန်လည် စတင်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက်များ အရသိရသည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများထံက ကောက်ယူသော စစ်တမ်းတွင် အဝေးသင် သင်တန်းပို့ချချက် စာအုပ်များနှင့် အခွေများအပေါ် ဆန်းစစ်သုံးသပ်ချက်များ ပါဝင်သော မေးခွန်းနှစ်ဆယ်ကျော် ပါဝင်ကြောင်း ယင်းစစ်တမ်း ဖြေဆိုခဲ့သူ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာစစ်ဌာန၊ အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဦးက The Voice သို့ ပြောကြားသည်။
အဝေးသင် ပညာသင် ကာလကို သာမန်နေ့တက် တက္ကသိုလ်များနည်းတူ သုံးနှစ်မှ လေးနှစ်အထိ တိုးမြင့်ခဲ့သောကြောင့် သင်ရိုးညွှန်းတမ်းများ ယခင်နှစ်က စတင်ကာ ပြောင်းလဲခဲ့ရကြောင်း၊ ယင်းပြဋ္ဌာန်း သင်ရိုးများကို ပိုအရည်အသွေး တိုးစေရန် ဘာသာရပ်အလိုက် ပြုပြင်လျက် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက် ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့တွင် နှစ်စဉ် ကျောင်းသားဦးရေ ငါးသောင်းဝန်းကျင် လျှောက်ထားလျက် ရှိကြောင်း၊ တစ်နိုင်ငံလုံးတွင် စာဖြေဌာနခွဲပေါင်း ၁၅ ခုအထိ ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
စည်သူကျော်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks