-->

Tuesday, July 2, 2013

သူကြီးမရှိတော့ ရွာဆူသတဲ့

သူကြီးမရှိတော့ ရွာဆူသတဲ့မကြာသေး ပါဘူး။ ရပ်ကွက် ထဲမှာ အလှူကြီး ပေးတာတွေ့ရ တော့မုဒိတာ ပွားမိပါ သေးတယ်။ တစ်ရပ်ကွက်လုံး အုံးအုံးကြွက်ကြွက်ပဲ။ ရာဇာဝင်း၊ ဒေဝါဝင်းလို ဝင်းတွေလည်း ပါရဲ့။ ဆင်က(၃) ကောင်၊ မြင်းက(၅)ကောင်၊ လှည်း ယာဉ်က နှစ်စင်း၊ ပရဟိတ အသင်း တစ်ခုကလည်း ရှေ့ဆုံးကနေအား ဖြည့်ထားသေးတယ်။ အတော့်ကို ကြည်နူးဝမ်းသာ စရာကောင်းတဲ့ အလှူပွဲကြီး ပါပဲ။
အလှူပေးတဲ့ ပုဂ္ဂိုလ်တွေကို သာဓုခေါ်မိသလို လှည့်လည်ရာ မှာ လိုက်ပါကြတဲ့ ပရိသတ်ကို လည်းချီးကျူး သာဓုခေါ် မိတယ်။ အထူးသဖြင့် စောစောက ပြောတဲ့ ရှေ့ဆုံးက လိုက်ပါလာကြတဲ့ ပရဟိတ အဖွဲ့ (ဘုံဆွမ်းလောင်း အသင်း ထင်ပါရဲ့)ကို ပိုပြီးချီးကျူး မိပါတယ်။ နေပူကျဲကျဲမှာ ဖိနပ် စီးမထား ကြဘူး။ သူတို့ရဲ့ကုသိုလ် ကလည်း မနည်းဘူးလေ။ အဖြူ ရောင် ဝမ်းဆက်ကိုလည်း ဝတ် ထားကြတယ်။ အားလုံးယော ကျာ်းလေးတွေ ချည်းပဲ။ လှည့် လည်တဲ့ခရီး တစ်လျှောက် ဖိနပ် မပါဘဲလျှောက်ဖို့ ဆိုတာ လွယ်မှ မလွယ်တာ။
ဒါကလည်း တရားနာဖူး ထားတာလေးရှိလို့ သတိထားမိ တာပါ။ သံဃာတော်များ ဆွမ်းခံ ကြွတဲ့အခါ ဖိနပ်မစီး ကြပါဘူး။ အလှူခံ ပုဂ္ဂိုလ်ဆိုရင် ဖိနပ်မစီးသင့် ဘူးလို့တရား နာဖူးတယ်။ ကိုယ့် အိမ်ကလောင်းမယ့် ဆွမ်းတစ်ခွက် အတွက် လွယ်လင့်တကူ အလှူခံ တာမျိုး မဟုတ်ဘဲ ဝါယမစိုက် အားထုတ်မှု တစ်ခုဖြစ် သတဲ့။ အဲဒီ တရားနာဖူးပြီး ကတည်းက အလှူခံ ပုဂ္ဂိုလ်တွေ့ရင် ဖိနပ်စီး မစီးကြည့်မိ တော့တာပါပဲ။ ဖိနပ်မစီးတဲ့ အလှူခံတွေ့ရင် လှူချင်စိတ်က အလိုလိုပေါက် လာတယ်။ သူတို့မှာ အပင်ပန်းခံ ကြိုးစားအား ထုတ်မှု ရှိတယ်။ပိုပြီး လှူသင့်တယ်။ ကျွန်တော်တော့ လှူလိုက်တာပါပဲ။ ဖိနပ်စီးထား တဲ့အလှူခံ တွေ့ရင်တော့ အခြေ အနေအကြောင်း အရာကို ကြည့်ပြီး မှလှူမိတယ်။
ဒီနေ့ခေတ် အလှူခံပုဂ္ဂိုလ် တွေကတော့ အမျိုးမျိုးပါပဲ။ လူနှစ် ယောက်ကြေး စည်တစ်ခုနဲ့ အလှူ ခံကြသလို လူသုံးယောက်လောက် နဲ့ ငွေဖလားပိုက်ပြီး အလှူခံကြ တာလည်း တွေ့ဖူးတယ်။ ကလေး တစ်ယောက်လောက်လက်မှာဆွဲ ပြီး ခရီးသွား ပုံစံမျိုးနဲ့ အလှူခံနေ ကြတာလည်း တွေ့ဖူးတယ်။ မှန် တာလည်းရှိ၊ မမှန်တာလည်း ရှိမှာ ပေါ့။
တချို့ကျတော့ တီးကြမှုတ် ကြဆိုကြနဲ့ လူနှစ်ဆယ်သုံးဆယ် လောက်ရှိမယ်ထင်တယ်၊ဆိုက္ကား နဲ့တစ်မျိုး၊ အလှပြယာဉ်ကြီးနဲ့တစ် ဖုံ၊ခြေလျှင် တစ်သွယ်၊ နည်းမျိုးက တော့အစုံပါပဲ။ အခြားမြို့တွေ ထက်မန္တလေးမြို့က အလှူခံပိုများ တယ်။ များသလောက်လည်းလှူ ကြတယ်။
ဒါက မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု ပြယုဂ်၊ ဘာသာရေး ထွန်းကားမှု ပြယုဂ်တစ်ခုပါပဲ။ တစ်နည်းပြော ရရင်မန္တလေးရဲ့ဂုဏ်ယူစရာတစ်ခု ပေါ့။ အလှူရေစက်လက်နဲ့မကွာ ဆိုသလိုမန္တလေးသား၊မန္တလေးသူ တွေကလည်းနေ့စဉ်နဲ့အမျှပေးလှူ နေကြတာသဒ္ဓါတရားကြီးမားမှု ကိုပြနေတာပါပဲ။
မန္တလေးရဲ့မနက်ခင်းအရုဏ် တက်အလှဟာရွှေဝါရောင်သင်္ကန်း ဆင်မြန်းထားကြတဲ့သံဃာတော် များနဲ့အလွန်အင်မတန် ကျက် သရေရှိလှပါတယ်။ မနက်ခင်း အလှတရားကိုပိုပြီးဖြည့်စွက်ပေး နေတဲ့အရာကတော့ကြာနီကန် ဆရာတော်ဘုရားကြီးရဲ့ "အနန္တ ဂုဏံ အဟံဝန္တာမိ သဗ္ဗဒါ" အစချီတဲ့ တရားသံတွေ ပါပဲ။ တစ်ချိန်ကတော့ မန္တလေးရှိ မြန်မာအိမ်တိုင်းလိုလိုနံနက်ခင်း မှာ ဆွမ်းထွက်လောင်းလေ့ရှိကြ ပါတယ်။ ဘုံဆွမ်း လောင်းအသင်း တွေဆိုတာ မပေါ်သေးဘူး။ လုံးဝ မရှိတာတော့ မဟုတ်ဘူး။ အခု ခေတ်ကတော့ ရပ်ကွက်တိုင်း လိုလို ဘုံဆွမ်းလောင်း အသင်းတွေရှိနေ ကြပါပြီ။
ဘုံဆွမ်းလောင်း အသင်းတွေ ပေါ်လာရတော့ ဝမ်းသာစရာလို့ ပြောရပေမယ့် တစ်ဖက်ကတွေး ကြည့်ရင်စိတ်မကောင်း စရာလည်း ဖြစ်နေပြန် သေးတယ်။ တစ်ခါ ယာနဒါနယာဉ်တွေ ပေါ်လာက လည်းဝမ်းသာ ဝမ်းနည်း ကိစ္စပါပဲ။ ဘာကြောင့် ဘုံဆွမ်းလောင်း အသင်းတွေပေါ်လာကြတာလဲ။ ဘာကြောင့် ယာနဒါနယာဉ်တွေ ပေါ်လာရတာလည်းတွေးကြည့် မိတော့ စိတ်မကောင်းစရာအဖြေ ကထွက်လာတယ်။(ကျွန်တော့် အတွေးတစ်ခုထဲပါ) မြန်မာလူမျိုးအများစုဟာ ဘာသာရေးကို ကိုင်းရှိုင်းယုံတင် မဟုတ်ဘူး။ နတ်ကိုးကွယ်ယုံ ကြည်မှုလည်းရှိကြတယ်။မြန်မာ အိမ်တိုင်းမှာ အိမ်တွင်းအုန်း ဆို တာဆွဲကြတယ်။ အဲဒီအိမ်တွင်း အုန်းကို ညဘက်မှာ လိုက်ကာ အနီလေးနဲ့ကာကြတယ်။ ဘုရား စင်ရဲ့ထောင့်တစ်ဖက်မှာလိုက်ကာ အနီလေးနဲ့ကာထားတဲ့အုန်းစင်ရှိ ရင် အဲဒါမြန်မာအိမ်ပဲလို့ပြောလို့ ရတယ်။
အဲလိုက်ကာအနီရှိတဲ့ အိမ် တိုင်းလိုလို ဆွမ်းထွက်လာကြ တယ်။ တချို့အိမ်တွေက ထိုင် ကိုယ်တော်ပင့်ပြီး ဆွမ်းလောင်း ကြတယ်။ ကိုယ်တတ်နိုင်သလို တစ်ပါးကနေ(၁၀)ပါး၊ (၁၅)ပါး လောက်အထိပင့်ပြီးဆွမ်း၊ဆွမ်းဟင်း လောင်းလှူကြတယ်။ အခုတော့မြို့ရဲ့အချက်အချာ ကျတဲ့နေရာတွေမှာ လိုက်ကာ အနီရှိတဲ့အိမ်တွေကနည်းသွားပြီ။ "အနန္တဂုဏံ အဟံဝန္တာမိ"ဆိုတဲ့ တရားသံတွေလည်း ဖြည်းဖြည်း ဆဲသွားပြီ။ နေ့စဉ်မပျက် ဆွမ်း လောင်းခဲ့ကြတဲ့ ဆွမ်းဒကာတွေ အလှူရေစက်လက်နဲ့ပြတ်သွားမှာ စိုးတဲ့မေတ္တာစိတ်အပြည့်နဲ့ရောက် အောင်သွားပြီး ဆွမ်းခံထွက်ကြ တယ်။
သပိတ်ကို တစ်ဖက်ကပိုက် လိုင်းကားကိုတိုးစီးပြီးဆွမ်းခံထွက် ကြတယ်။အဲဒါကိုမကြည့်ရက်တဲ့ သူတွေက ယာနဒါနယာဉ်တွေ စီစဉ်ပေးခဲ့ကြတယ်။ ဒါ့ကြောင့် အိမ်တွင်းလိုက်ကာနီနီလေးတွေ ရှိတဲ့နေရာကြွိုကရောက် ဆွမ်းခံဖို့ အတွက်ယာနဒါနယာဉ်တွေပေါ် လာခဲ့ကြတယ်။
ယာနဒါနယာဉ်တွေတစ်စီး ပြီးတစ်စီးပေါ်လာလို့ဝမ်းသာတယ်။ ဒါပေမယ့်စိတ်မကောင်းဘူး။ တစ်ခါ ဘုံဆွမ်းလောင်းအ သင်းတွေအတွက် ဝမ်းနည်းစရာ တစ်ခုရှိ သေးတယ်။ သံဃာတော် များအတွက်ရည်ရွယ်ပြီးတချို့က အပတ်စဉ်တချို့က လစဉ်လောင်း လှူနေကြတယ်။ အလှူငွေရဖို့အ တွက် အသင်း အဖွဲ့ဖွဲ့ပြီးအလှူခံ ထွက်ကြတယ်။ ကောင်းပါတယ် ကိုယ့်ဘာသာ၊ကိုယ့်သာသနာ၊ ကိုယ့် မြန်မာတွေရဲ့ အဓိက ယဉ်ကျေးမှု ပြယုဂ်အတွက် ကြိုးစား အားထုတ်ကြတာပဲ။ အထူးသဖြင့် ဝါတွင်း ကာလမှာ အလှူခံပိုပြီးထွက်ကြတယ်။ ဒါပေမယ့် ကာလ ဒေသ၊ အချိန်အခါမရအလှူခံကြရင်ပိုပြီး သင့်တော်မယ်လို့ ထင်မိလို့ပါ။ တချို့ကလည်းဘုံဆွမ်းလောင်း အတွက်မဟုတ်ပေမယ့် ကုသိုလ် ရေးကိစ္စတစ်ခုခုကြောင့် အလှူခံ ထွက်ကြတယ်။
မရှိလို့မလှူ၊မလှူလို့မရှိမ ဖြစ်ကြရအောင် ရှိတာလေးတွေ ခြစ်ကုတ်ပြီး လှူကြတဲ့သူတွေ လည်းရှိ ကြပါတယ်။ ဒါပေမယ့် အလှူခံထွက်ချိန်က ည၁၂နာရီ ကတစ်ချက်လောက်ထိဖြစ်နေ တာလေးတွေ ၇ှိနေတတ်တာ ကိုတော့သိပ်ဘဝင်မကျချင်ဘူး။ အချို့ပါ။အားလုံးကိုမဆိုလိုပါဘူး။ စောင်းဘောက်ကိုနှစ်ပြသုံး ပြလောက်က ကြားရအောင် ဖွင့် ကြတယ်။ ဆိုကြတီးကြတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် တွေအတွက် ဒုက္ခဖြစ်စေ ပါတယ်။ အိပ်ပျော်နေမယ့် နှလုံးရောဂါသည် များ၊ အခြားရောဂါသည်များကို လည်း အထိတ်တလန့် ဖြစ်စေ နိုင်ပါတယ်။
သီဆိုကြတဲ့ သီချင်းတွေက လည်း ဘာသာရေး သီချင်းတွေ မဟုတ်ပြန်ဘူး။ သာယာနာပျော် ဖွယ်ကောင်းတဲ့ ဓမ္မသီချင်းမျိုး မဟုတ်ကြဘူး။ "အာပူလျှာပူ" လို သီချင်းမျိုးပေါ့။ အရက်သောက် သွားတဲ့အကြောင်းကိုရေးထားတဲ့ သီချင်းပါ။(ခေါင်းစဉ်မှန်မမှန်တော့ မသိဘူး)ကာရာအိုကေ ဆိုင်မှာမူး ပြီးဆိုကြတဲ့သီချင်းမျိုးကိုအလှူ ခံသီချင်းအဖြစ်လုပ်ပြီး အလှူခံ ထွက်နေကြတယ်။ အမြည်းမရှိ အာပူပါတယ်၊ သူကြီးမရှိတော့ရွာ ဆူပါတယ်"ဆိုလားပါပဲ။ ပညာရှိ သတိဖြစ်ခဲဆိုတာမျိုး ဖြစ်မှာစိုးလို့ ရေခင်းပြမိတာပါ။ ပရဟိတ စိတ်များဖြင့်ဘာ သာအကျိုး၊ သာသနာ အကျိုး၊မြန် မာအကျိုးကို စွမ်းစွမ်းတမံဆက် လက်ဆောင်ရွက်နိုင်ကြပါစေဟု သာ။
ကိုကြီးသက်(ပဉ္စရှုပ)

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks