-
By The Voice Journal

မြန်မာနိုင်ငံနှင့်
ဂျပန်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် နောက်ဆုံး
အဆင့် ပြင်ဆင်မှုများ ပြီးသွားပြီ ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှု
သဘောတူစာချုပ်ကို သြဂုတ်လတွင် ချုပ်ဆိုရန် ရှိကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။ အဆိုပါစာချုပ်
ချုပ်ဆိုပြီးပါက ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့
ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး လက်ရှိတွင်လည်း ဂျပန်နိုင်ငံသည်
မြန်မာနိုင်ငံသို့ လာရောက်လေ့လာမှု အများဆုံး ဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။ “တချို့အပတ်တွေမှာဆိုရင် ဂျပန်က လာရောက် လေ့လာတဲ့ သူတွေ
နေ့စဉ်လိုလိုရှိတယ်” ဟု ၎င်းကဆိုသည်။ ဂျပန်နိုင်ငံသည် ယခုနှစ် ဇွန်လကုန်အထိ
ရင်းနှီးမြှုပ်နှံမှု စာရင်းများအရ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ
အမေရိကန် ဒေါ်လာသန်း ၂၇၀ ခန့်ဖြင့် အဆင့် ၁၁ တွင် ရပ်တည်နေပြီး ၂၀၁၅
ခုနှစ်တွင် အဆင့် ၁ မှ ၅ အတွင်း ရောက်ရှိလာနိုင်ကြောင်း ဦးအောင်နိုင်ဦးက
ခန့်မှန်းပြောကြားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပထမ၊ ထိုင်းနိုင်ငံက
ဒုတိယနှင့် ဟောင်ကောင်က တတိယအဖြစ် ရပ်တည်နေကြောင်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကြေညာ ထားသည်။
0 comments:
Post a Comment