- By The Voice Journal
ရခိုင်ပြည်နယ်
ပေါက်တော မြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် ဘင်္ဂါလီ လူမျိုး အချင်းချင်း
လူအုပ်စုလိုက် အကြမ်းဖက်မှု ဇွန်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပြီး လုံခြုံရေး
တပ်ဖွဲ့များက ဝင်ရောက် ထိန်းသိမ်းရာ လူနှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး
ဒဏ်ရာရရှိ ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ သတင်း ထုတ်ပြန်ရေး
ဆပ်ကော်မတီ အဖွဲ့ဝင် ဦးမျိုးသန့်က ပြောကြားသည်။ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်များ အတွက် ယာယီတဲကြီးများ ဆောက်ရန် ကြိမ်နီပြင် ကျေးရွာ ဒုက္ခသည်စခန်း လုပ်သား တာဝန်ခံ ဦးလာလုကို လုပ်သားငှား ရမ်းစေရာတွင် အလုပ်မရှိ သူများက မကျေနပ် ကြကြောင်း၊ ယင်းအပြင် ဒုက္ခသည်များ အတွက် ယာယီတဲ ဆောက်လုပ်သည့် နေရာတွင် အလုပ်မလုပ်ရန် ဘင်္ဂါလီအုပ်စု အချို့က ဟန့်တား မှုများ ရှိခဲ့ကြောင်း ဦးမျိုးသန့်က ဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက အလုပ်သမား ခေါင်းဆောင် ဦးလာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည် စခန်းမှ ဘင်္ဂါလီ ဒုက္ခသည် အချို့ လုပ်သား အခကြေးငွေကိစ္စ မပြေမလည် ဖြစ်ရာမှ ယာယီတဲကြီးများ ဆောက်လုပ်နေသည့် ဦးလာလုနှင့် လုပ်သားများကို လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်ရန် လုပ်ဆောင်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက လူစုကွဲရန် ပစ်ခတ် ထိန်းသိမ်းရာ နှစ်ဦး သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။
ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက် အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်လုပ်နေခြင်း ဖြစ်သည်။ မြောက်ဦးမြို့နယ် ပရိန်ကျေးရွာ တွင်လည်း ဇွန်လ ၄ ရက်နေ့က ဘင်္ဂါလီဒုက္ခသည် များအတွက် နေအိမ် ဆောက်လုပ် နေမှုကို ပရိန်ကျေးရွာမှ ဘင်္ဂါလီများက ကန့်ကွက်ခဲ့ကြပြီး နေအိမ် ဆောက်လုပ်သူများကို လူအုပ်စုလိုက် အကြမ်းဖက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ထိန်းသိမ်း ခဲ့ရာ ဘင်္ဂါလီသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ ခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန် ထားသည်။








0 comments:
Post a Comment