နိုင်ငံပေါင်း ၄၀ က စက်ရုပ်ပေါင်း တစ်ထောင်ကျော်ပါတဲ့ ဘောလုံးပြိုင်ပွဲကိုဟော်လန်နိုင်ငံ၊ အိုင်ဟိုဗင့်မြို့မှာ ကျင်းပခဲ့ပြီး စက်ရုပ်ဘောလုံးပြိုင်ပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်က ၂၀၅၀မှာ ကမ္ဘာ့ဖလား ချန်ပီယံ အသင်းကို စက်ရုပ် ဘောလုံးအသင်းက အနိုင်ယူရေးပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက် ပြည့်ဝလာဖို့ ပြိုင်ပွဲ တာဝန်ရှိသူတွေဟာ ပြိုင်ပွဲလေးရပ် စီစဉ်ခဲ့ပြီး စက်ရုပ်ကြီးတွေရဲ့ပြိုင်ပွဲ၊ စက်ရုပ်ငယ်တွေရဲ့ပြိုင်ပွဲ၊ လူသားဆန်တဲ့ စက်ရုပ်တွေရဲ့ ပြိုင်ပွဲနဲ့ စက်ရုပ်အစစ် မဟုတ်တဲ့ ပြိုင်ပွဲတို့ပဲ ဖြစ်ပါတယ်။
စက်ရုပ်တွေမှာ အသင်းရဲ့ အခြေအနေကိုသိတဲ့ ဥာဏ်ရည်မျိုး ပါဝင်ပြီး အသင်းရှုံးနေတဲ့ အချိန်မှာ တိုက်စစ်ဆင်တာ၊ အသင်းနိုင်နေတဲ့ အချိန်မှာ ခံစစ်ပိတ်ဆို့တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါ့အပြင် နောက်ထုတ်မယ့် စက်ရုပ် ဘောလုံးသမားတွေမှာ ပိုရှုပ်ထွေးတဲ့ အသိသညာတွေ ထည့်သွင်းပေးမယ်လို့ သိရပြီး ဒီစက်ရုပ်တွေဟာ နေရာလွတ်တွေ ဖန်တီးထိုးဖောက်ဖို့ သိလာမှာပဲ ဖြစ်ပါတယ်။
zaw zaw tun








0 comments:
Post a Comment