-->

Monday, July 22, 2013

အရက်မူးသည့်ဖခင် ခြောက်လအရွယ်ရင်သွေးငယ်ကို လက်သီးဖြင့်ထိုးကာ လက်ဝါးဖြင့်ရိုက်သဖြင့် သေဆုံး





ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ ဇူလိုင် ၉ ရက်တွင် ဖခင်ဖြစ်သူက မိမိ၏ရင်သွေးသားငယ် ခြောက်လခန့်အရွယ်အား လက်သီးဖြင့်ထိုးကာ လက်ဝါးဖြင့်ရိုက်သဖြင့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ရပ်သို့ စခန်းမှူးရဲအုပ်စိုးကျော်နှင့်တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ကလေးမိခင် မအောင်စံထွေးက ''ကျွန်မ ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီတွင် အသက်ခြောက်လအရွယ်ရှိသော သားဖြစ်သူ ကျော်ကျော်စိန်နှင့်
အတူ ရှိနေခဲ့ ကြောင်း၊ ခင်ပွန်းဖြစ်သူ မောင်မောင်ထွေးမှာ နေ့စဉ်နှင့်အမျှ အရက်သောက် စားမူးယစ်နေ၍ နေအိမ်၌မရှိပါကြောင်း၊ ကျွန်မမှာ နေအိမ်ပေါ်၌သားနှင့်အတူ ထိုင်နေစဉ် ခင်ပွန်းဖြစ်သူ အရက်မူး၍
ရောက်ရှိလာပြီး ကလေးငယ်အား ပွေ့ချီရာ ကလေးငယ်မှာ အော်ငိုသဖြင့် ကလေးကို ဘယ်ဘက်လက်ဖြင့် ချိုင်းမှမချီပြီး ညာ ဘက်လက်သီးဖြင့်
ရင်ဘတ်ကို သုံးချက်၊ မှောက်လျက် ကျောကုန်းကို နှစ်ချက်ရိုက်နှက်လိုက်ရာ ကလေးငယ်မှာ အငိုရပ်လျက် သတိလစ်သွားခဲ့ကြောင်း၊ ထို့နောက် ကလေးငယ်ကို ပွေ့ချီစမ်းသပ်ခဲ့ရာ အသက်မရှိတော့ကြောင်း၊
မောင်မောင်ထွေးမှာ နေအိမ်တွင် မတွေ့ရတော့ဘဲ ထွက်ပြေးသွားကြောင်း
'' ပြောပြခဲ့သည်။

မအောင်စံထွေးက သားဖြစ်သူ မောင်ကျော်ကျော်စိန် သေဆုံးအောင် ရိုက်နှက်ခဲ့သည့် ခင်ပွန်းဖြစ်သူ မောင်မောင်ထွေး (၃၁)နှစ် (ကျပန်း) ရွာသစ်ကျေးရွာ လိပ်ခမော်ကျေးရွာအုပ်စု ကျောက်ဖြူမြို့နယ်နေသူအား အရေး ယူပေးရန် ကျောက်ဖြူ မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်စဉ်အား စခန်းမှူးရဲအုပ်စိုးကျော်နှင့် တပ်ဖွဲ့ဝင်များကစစ်ဆေးပြီး
မောင်မောင်ထွေးအား စုံစမ်းထောက်လှမ်း မှုများ ဖြင့်ရှာဖွေခဲ့ရာ အခင်းဖြစ်သည့် အချိန်နှင့် သုံးနာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

credit:မြန်မာ့အလင်း

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks