-->

Monday, July 22, 2013

ကံကောင်းလို့လေယာဉ်ပျက်ကျပေမဲ့ အသက်ရှင်သော်လည်း ကံဆိုးတော့ အရေးပေါ်ယာဉ်ကြိတ်မိလို့သေသွားသော ကျောင်းသူလေး

ကားကြိတ်ခံရအမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင်ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည်
အသက်ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ်ယာဉ်တစ်စီး၏
ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရသည်ဟု အရာရှိ များကဇူလိုင် ၁၉
ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူ ကျောင်းသူ၏ အမည်မှာယီမန်ယွမ်ဖြစ်ပြီး
လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူ ကျောင်းသူ သုံးဦးအနက်မှ တစ်ဦး
ဖြစ်ကြောင်းနှင့်သူမ၏ရုပ်အလောင်းကိုခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင်
သူမသည် လေယာဉ် ပျက်ကျမှုမှ ရရှိခဲ့သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရခြင်း
မဟုတ်ဘဲ အရေးပေါ် ယာဉ်တစ်စီး၏ မတော်တဆ ဖြတ်ကြိတ်မှုကြောင့်
သေဆုံးသွားခဲ့ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တာဝန် ရှိသူများက ဝန်ခံ ပြောကြားခဲ့သည်။

credit:MWD

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks