By Soccer
တိုက်စစ်မှူး
ဆိုလ်ဒါဒိုအတွက် မည်သည့် ကမ်းလှမ်းမှုမှ ရရှိထားခြင်း မရှိကြောင်း ဗလင်စီယာ
အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဆယ်လ်ဗိုမှ ဖွင့်ဟပြောဆို ခဲ့သည်။ အသက် (၂၈)နှစ်
အရွယ်ရှိ ဆိုလ်ဒါဒိုသည် အခြားသော အသင်းဖော် ရီမီ နှင့် ဒီယေဂို
အဲလ်ဗက်စ်တို့ နည်းတူ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ ကစားမည်ဟု
သတင်းကြီးနေသူ ဖြစ်သော်လည်း ဆယ်လ်ဗို၏ ပြောကြား ချက်အရ ယခုအခါတွင် အဆိုပါ
ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ချေ မရှိသေးကြောင်း သိရသည်။ “ဗလင်စီယာ အသင်းက
တောင့်တင်း ခိုင်မာနေဆဲပါ ပြီးတော့ ဆိုလ်ဒါဒို အတွက်လည်း ဘာကမ်းလှမ်းမှုမှ
မရသေးပါဘူး”ဟု ဆယ်လ်ဗိုမှ သတင်းထောက် များအား ပြောကြားခဲ့သည်။








0 comments:
Post a Comment