By SHADE Journal
"ယခင်က
နိုင်ငံတော် သီချင်း ဖြစ်တဲ့ ကမ္ဘာမကျေ သီချင်းမှာ တရားမျှတ
လွတ်လပ်ခြင်းနှင့် မသွေ"ဆိုပြီး ပါရှိပါတယ်။ တရား တယ်၊ မတရားဘူး
ဆိုတာနဲ့ပတ် သက်ပြီး တရားမျှတမှု ရှိမရှိ ကို ချိန်ခွင် တစ်ခုနှင့်လည်း
ဥပမာပေး တတ်ကြပါတယ်။ ဈေးရောင်းဈေး ဝယ်ကိစ္စဖြစ်ဖြစ်၊ အမှုကိစ္စဖြစ်ဖြစ်
ဈေးဝယ်ကဈေးသည်ကို ပေးလိုက် ရတဲ့ငွေနဲ့ ဈေးသည်ဆီက ရတဲ့ ပစ္စည်း ညီမျှရင်
တရားတာပါပဲ။ ဖြစ်တဲ့အမှုကိစ္စနဲ့ ပေးတဲ့ပြစ်ဒဏ် ညီမျှရင် တရားတာပါပဲ။သတိရလို့ ပြောပြချင်တယ်။ ဟိုတုန်းက ငကျွဲဆန် တစ်ပြည် ကို ၂၅ ပြားပဲရှိတယ်။ ၁၉၆၅နဲ့ ၁၉၇၀ ဝန်းကျင် လောက်ပေါ့။ ဒီကနေ့ ငကျွဲလို ဆန်မျိုးပေါ်ဆန်း မွှေးတစ်ပြည်ကို ၁၂၀ဝိ ကျပ် ဖြစ် နေပါပြီ။ ယခုခေတ်ရဲ့ ငွေကြေးနဲ့ လူနေမှုဘဝမှာ ဒါကိုမတရားဘူး လို့ပြောလို့မဖြစ်ပြန်ဘူး။ အစစ အရာရာ ပစ္စည်းတိုင်း ဒီလိုပါပဲ။ အလွန်နာမည်ကြီးခဲ့တဲ့ စောင်း ကောက်လိုဖိနပ်က ထိုစဉ်က ၃ ကျပ်လောက်ပေးခဲ့ရပေမယ့်ယနေ့ သူနဲ့သဏ္ဍာန်သူသောဆင်ခြောက် ကောင်၊ ကိုးကောင် ကမ္ဘာသစ်၊ သားရေဖိနပ်တန်ဖိုးက တစ်ရံကို ၆၅၀ဝိကျပ်ဖြစ်နေပြီ။ ဒါကိုလည်း တရားမျှတမှုမရှိဘူးလို့ ပြောလို့ မရပါဘူး။
သို့သော် ဟိုတုန်းကတည်း က အတည်ပြုထားတဲ့ ဥပဒေမူ ဝါဒတွေကို မပြင်နိုင်ကြသေးဘူး လို့မြင်မိတယ်။ မှားသလား၊မှန် သလားတော့မသိဘူး။ မီဒီယာ သမားတစ်ယောက်ကိုထက်ထက် မိုးဦးကပါးရိုက်တဲ့အမှုနဲ့ပက်သက် ပြီးတရားရုံးမှာရင်ဆိုင်တော့ ဒဏ် ငွေ ၁၀ဝ၀ိကျပ်နဲ့ ပြီးသွားခဲ့တယ် လို့သိရတယ်။ ဒီတော့ ယနေ့ငွေ ဈေးအနေထားနဲ့ကိုက်ပါ့မလား။ ငွေတစ်ထောင်ကျပ်လောက်ကို လျှောကနဲ သုံးနေတဲ့ အချိန်မှာ ထက်ထက်မိုးဦးလို မင်းသမီး တစ်ယောက်က နောက်ထပ်ဆယ် ခါလောက် ရိုက်လို့ မဆန်းလှပါဘူး။
တရားရုံးရောက်ရင်၊ အချုပ် ခန်းရောက်ရင် လူမှုရေးဆိုတာ မရှိတော့ဘူး။တင်းတင်းမာမာပါ ပဲ။တစ်ခါတစ်ရံတော့ ငွေမျက်နှာ နဲ့အခွင့်ရေးရတတ်တာတွေလည်း ရှိပါတယ်။ အချုပ်ခန်းလာတွေ့ တာနဲ့ တွေ့ခွင့်ရဖို့ ခွင့်တောင်းရ တယ်။ ပေးရတယ်။ အချိန်နည်း နည်းပိုတွေ့ဖို့ ပေးရပြန်တယ်။ ဒါတွေက ရှိနေဆဲပဲ။
တစ်ရက်က လမ်း၈၀နဲ့၂၆ လမ်းဆုံက မီးပွိုင့်မှာ လင်မယား နှစ်ယောက် ကလေးငယ်တစ် ယောက်အပါအဝင် ဆိုင်ကယ်စီး လာရင်း ဘရိတ်အုပ် လိုက်တော့ နောက်က ဇနီးပြုတ်ကျပြီး ဇက် ကျိုးကာ သေဆုံးသွား တယ်တဲ့။ ယောကျာ်းက လူသေမှုနဲ့အချုပ် ထဲရောက်ပြီး အာမခံလည်း မရ ဘူး။ ဒီတော့ ဇနီးအလောင်းကိစ္စ ကို ဘယ်သူတွေ ဘယ်လိုလုပ် ကြမလဲ။ ကျွန်တော့်ဇနီး နာရေး ကိစ္စပြီးအောင်တော့ အာမခံပေး ကြပါဆိုရင် ပေးမှာလား။ မပေးနိုင် ဘူးဆိုရင်ရော မတရားဘူးလို့ပြော မှာလား။ပေးလိုက်မှ တရားမျှတ မှုရှိတယ်လို့ ဆိုမှာလား။ စဉ်းစား ကြည့်တာပါ။ တကယ့် အဖြစ်အပျက်တစ် ခုကို ပြောပြ ချင်တယ်။
စာရေးသူ မင်္ဂလာတောင်ညွန့် ဥက္ကဌလုပ်စဉ် မှာလူတစ်ယောက် လူသေမှုကိစ္စ တစ်ခုအတွက် ထောင်ဒဏ်(၁)နှစ် စီရင်ခြင်းခံရတယ်။ ယာဉ်တိုက်မှု ကိစ္စပါ။ ပထမ လူ မသေသေး တော့ ရိုးရိုးပဲတရားရုံးမှာရင်ဆိုင် နေရတယ်။ လူနာက သေသွား တော့လူသေမှုဆိုပြီးထောင်ဒဏ် ကျတော့တာပေါ့။ အဲဒီရက်ပိုင်း မှာပဲ သူ့သမီးမင်္ဂလာဆောင်ဖို့ ရက်သတ်မှတ်ပြီးသားဖြစ်နေပြီ။ ထောင်ထဲ ဝင်သွားခဲ့ရင် သမီး မင်္ဂလာပွဲအတွက် အခက်အခဲ တွေ့မယ်။ ဒီတော့ မြို့နယ်ဥက္ကဌ ဆီကိုလာပြီး အသနားခံတယ်။ ကျွန်တော် ထွက်မပြေးပါဘူး။ သမီးမင်္ဂလာပွဲပြီးတဲ့အထိ နှစ် ရက်လောက်တော့ စောင့်ပေးပါ ဆိုလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အတူ နားလည်မှုလုပ်ပေးလိုက်ရတယ်။ လူမှုရေးကို ကူညီလိုက်ခြင်းပါ။ ဘာမှ အပေးအယူမရှိတဲ့ ကူညီ ခြင်းဖြစ်လို့ တရားတယ်လို့ထင် မိပါတယ်။
ကာယကံရှင် ကတော့ မေ့ လောက်ပါပြီ။ နာမည်ကြီး အကယ်ဒမီမင်းသမီးတစ်လက် ပါ။ အရေးအခင်းပြီးစ ကာလမှာ သူ့အိမ်ထဲ ကားဂိုဒေါင်မှာဒီဇယ် ဆီတွေ လှောင်ထားလို့ ဆိုပြီး သူတို့မိသားစုနဲ့မတည့်တဲ့အပေါ် ထပ်မိသားစုကတိုင်လို့ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက သွားရှာတော့ ဒီဇယ်ဆီတွေတွေ့ရှိတယ်။ အဲဒီ အချိန်က စာရေးသူဒဂုံမြို့နယ်ရဲ့ လုံခြုံရေးကို ဆောင်ရွက်နေရချိန် ပါ။ မြို့နယ်ဥက္ကဌက ဗိုလ်ကြီး အောင်ခိုင်၊ သူက သောကြာနေ့ ညနေဆို မိခင်တပ်ရှိတဲ့သံန္ဓေ ပင်၊မှော်ဘီမြို့နယ်ကိုပြန်ပါတယ်။ အခင်းဖြစ်တဲ့နေ့က စနေနေ့။
မထင်မှတ်ဘဲ ရဲစခန်းကိုရောက် သွားတော့ အမှုဖြစ်တဲ့ ရုပ်ရှင် မင်းသမီးကို အာမခံမပေးနိုင်ဘူး ဖြစ်နေတယ်။ ဒီဆီတွေက သူ့ ဆွေမျိုးတွေရဲ့မော်တော်တွေမှာ သုံးတဲ့ဆီလို့သိရတယ်။ ခေတ္တ လာထားတာလို့လည်းပြောတယ်။ အာမခံမပေးနိုင်ဘူးပဲပြောနေတော့ တိုင်းမှူးဆီဖုန်းဆက်မယ် တကဲ ကဲလုပ်ပါတယ်။ ရဲစခန်းက အာမခံမရဘူး၊ ခွင့်မပြုနိုင်ဘူးပဲ ပြောပါတယ်။ စာရေးသူက နား မလည် ပါးမလည် ကိုယ့်အမြင်နဲ့ မြို့နယ်မှူးရယ်နိုင်ငံကျော် အကယ် ဒမီမင်းသမီး တစ်ယောက် အာမခံ မရဘဲ အချုပ်ထဲဝင်ရတယ်ဆို ရင် သူ့ရဲ့ဂုဏ်သိက္ခာတွေလည်း အလွန်ကျသွားမယ်ထင်ပါတယ်။ ထွက်ပြေးမှာလည်း မဟုတ်ဘူး။ လူကြီးတွေဆီ ဖုန်းဆက်ရင် လည်း လူကြီးတွေအလုပ်ရှုပ်နေ တဲ့အချိန် ဥက္ကဌလည်းမနက်ဖြန် ပြန်ရောက်မှာပါပဲ အတတ်နိုင် ဆုံးဆောင်ရွက်ပေးလိုက်ပါဆိုပြီး ဝင်ပြောခဲ့တယ်။အာမခံသဘော မျိုးတော့ ရသွားရှာပါတယ်။ နောက်ရက်သတင်းစာမှာတော့ သူမရဲ့ငယ်နာမည်နဲ့ ဆီပေပါများ ဖမ်းမိကြောင်း ပါလာပါတယ်။ ဒါက တရားမှု၊ မတရားမှုနဲ့ပတ် သက်ပြီး အတွေ့အကြုံ တစ်ခုပါ။
နောက်တစ်ခုက မင်္ဂလာ တောင်ညွန့် မဝတ ဥက္ကဌလုပ်စဉ် မန္တလေးလမ်း၊ကန်အနောက်ရပ် ကွက်က နံပါတ်ဖိုးမှုနဲ့ထောင်ကျ နေတဲ့ မန်းနီးဆိုတဲ့ ပုဂ္ဂိုလ် အ ကြောင်း။ ထောင်ကျတာက နှစ် များတယ်။ ရုံးထုတ်တာ ဘယ်လို ထုတ်သလဲမသိဘူး။ ရပ်ကွက်က သတင်းလာပို့တယ်။ မန်းနီးက သူ့ကိုအင်းစိန်ထောင်မှာထောင် ဝင်စာသွားတွေ့စရာမလိုဘဲသူ့ ဇနီးဆီကို အိမ်ဝင်စာနဲ့နေ့လည် ဆို ရောက်နေတာတွေ့ရတယ်။ ညနေဆိုအချုပ်သားရုံးထုတ်ကား နဲ့ပြန်ပါသွားတယ်။ သူ့မိန်းမ တောင် ဗိုက်ကြီးလာပြီ ဆိုပြီး သတင်းပို့လာတာနဲ့မူးယစ်ဆေးဝါး အပေါ်အခြေခံပြီး တဝတကို စာ ရေးတင်ပြလိုက်မှနောက်ထပ်မတွေ့ ရတော့ပါဘူး။ မိမိလုပ်ဆောင် ချက်တရားသလား၊ မတရားသလား မပြောတတ်ပါ။ လုပ်သင့်သော ကိစ္စကို လုပ်လိုက်ခြင်းသာ ဟု ခံယူခဲ့ပါသည်။
သမီးဖြစ်သူ သူငယ်ချင်း တစ်ယောက် ၇၃ လမ်းနှင့်လမ်း၃၀ ထောင့်မှာ ယာဉ်ထိန်းက စစ်တော့ လိုင်စင် မေ့ခဲ့လို့လား မသိဘူး အဖမ်းခံရ မလိုဖြစ်တယ်။ ဆေး ကျောင်းတက်နေသူ တစ်ယောက် ပါ။အပြန်အလှန် ပြောဆိုတောင်း ပန်ရင်း ယာဉ်ထိန်းက ငွေသုံး ထောင် တောင်းတော့ဒီလောက် သူ့မှာ မရှိပါဘူးလို့ ပြောလိုက် တယ်။ ဆရာဝန်သင်တန်းတက် နေတာ ငွေသုံးထောင်တောင် မတတ်နိုင်ဘူးလားလို့ယာဉ်ထိန်းက ပြောသတဲ့ဗျာ။ ဒါနဲ့ သူ့အိမ်က နန်းရှေ့မှာဆိုတော့ အနီးဆုံး စာရေးသူရဲ့အိမ်ကိုလာပြီးဇနီးထံက ငွေသုံးထောင်ယူပြီး ပေးလိုက်ရ တယ်။ တရားမှု၊မတရားမှုဘယ် ဟာမှန်သလဲ။ စာဖတ်သူများ ခွဲ ခြားကြည့်စေလိုပါတယ်။
ဒီလိုပဲ စခန်းမှူး တစ်ယောက် တာဝန်နဲ့ပြောင်းရွှေ့ရတော့ သူ နေခဲ့တဲ့ အိမ်ကို သူကိုယ်တိုင် ပြုပြင်ထားတာ ဆိုပြီး အမိုးသွပ် တွေကအစ ပြုပြင်ထားသမျှ တွေကို ဖြုတ်ခွာ သွားခဲ့တယ်။ နောက်လာတဲ့သူ အခက်အခဲ တွေ့ရပါတယ်။ ဖြုတ်သွားတဲ့သူ ကလည်း သူတရားတယ်ထင်မှာ ပဲ။ နောက်လူကတော့ မတရား ဘူး၊ ဒီလိုမလုပ်သင့်ဘူးလို့ ပြော တာပါပဲ။ ယခင် ကုန်ကျခဲ့တဲ့ငွေ ကို တန်ဖိုးဖြတ်ပြီး တောင်းရင် ကျွန်တော်ပေး လိုက်မှာပါတဲ့။ အ ခုလိုဖြုတ်သွားတော့ ကျွန်တော် ဆက်နေလို့မရဘူးပေါ့။ သူပြော တာလည်းမှန်ပါတယ်။ ဒီတော့ လက်ရှိနိုင်ငံတော် အဆင့်မှာလည်း တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ လို့ဆိုခဲ့ပေမယ့်လည်း တရားမျှတ မှုတွေ၊ မမျှတမှုတွေ ဒွန်တွဲပြီး ရှိနေဦးမယ်လို့ တွေးမိပါတယ်။
စောအောင်(တီကျစ်)








0 comments:
Post a Comment