ဗြိတိန်နိုင်ငံမှ ခုနစ်နှစ်အရွယ်ကလေး တစ်ဦးသည် အမေရိကန်
အာကာသစူးစမ်းလေ့လာရေး အဖွဲ့ နာဆာ၏ အင်္ဂါဂြိုဟ်ခရီးစဉ်တွင် လိုက်ပါခွင့်ရရန်
စာရေးသားတောင်းဆိုခဲ့သည်။ ဒက်တာဝယ်ကာသည် ၄င်း၏ စာတွင် အာကာသစူးစမ်းလေ့လာရေး
လုပ်ဆောင်မှုများ နှစ်ခြိုက်ပြီး နာဆာမှ အာကာသယာဉ်မှူးများကိုလည်း
လေးစားအားကျကြောင်း ထည့်သွင်းရေးသားခဲ့သည်။ ယခုအချိန်တွင် ၎င်းသည်
အသက်ငယ်သေးသော်လည်း နောင်တစ်ချိန်၌ အာကာသယာဉ်မှူးဖြစ်အောင် ကြိုးပမ်းပြီး
နာဆာ၌ တာဝန်ထမ်းဆောင်နိုင်အောင် ရည်စူးထားကြောင်း ရေးသားခဲ့သည်။
နာဆာအာကာသသိပ္ပံစခန်းမှ တာဝန်ရှိသူများသည် ဒက်တာဝယ်ကာ၏ ပေးစာကို တလေးတစား
စာပြန်ရေးသားပေးပို့ခဲ့ပြီး ၎င်း၏ ရည်ရွယ်ချက်များ အောင်မြင်အောင် ကြိုးစားရန်
အားပေးခဲ့သည်။ ထို့ပြင် အင်္ဂါဂြိုဟ်ဓာတ်ပုံများ စတစ်ကာများ၊
ပိုစတာများနှင့် အင်္ဂါဂြိုဟ်ရုပ်ပုံပါ မှတ်စုစာအုပ်များ ပေးပို့ခဲ့သည်။
Credits: ပြည်မြန်မာ
0 comments:
Post a Comment