-->

Tuesday, July 23, 2013

ထိုင်းနိုင်ငံ၏ ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာ မျောပါ နေမှုအား တွေ့ရှိ ဆယ်ယူခဲ့

ထိုင်းနိုင်ငံ၏ ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာ မျောပါ နေမှုအား တွေ့ရှိ ဆယ်ယူခဲ့


ဘင်္ဂလား ပင်လယ်အော်ရှိ ရေသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ထိုင်းနိုင်ငံအတွက် ပင်လယ်ရေပြင် ဂေဟစနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာ Rama Buoyသည် ရာသီဥတု ဆိုးရွားမှုကြောင့် မြန်မာနိုင်ငံ ရေပိုင်နက် သို့ မျောပါခဲ့သဖြင့် ထိုင်းနိုင်ငံမှ ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူများက မြန်မာ့ရေပိုင်နက် အတွင်း ရှာဖွေခဲ့သည်။
အဆိုပါ ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာကို Looking Forward Co., Ltd. ပိုင် အောင်သူဇော် ၅၅၅  ငါးသယ် ရေယာဉ်မှ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီက မြန်မာ့ရေပိုင်နက် လတ္တီတွဒ် ၁ဝ ဒီဂရီ ၅၈ မိနစ်၊ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ် ရေပြင်တွင် မျောပါနေ သည်ကို တွေ့ရှိရ၍ ဆယ်ယူပြီး ရေယာဉ်ဖြင့် တင်ဆောင်လာခဲ့ရာ မြိတ်မြို့သို့ ယမန်နေ့က ရောက်ရှိ လာခဲ့သည်။
ရေယာဉ်ဖြင့် တင်ဆောင်လာသော ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာကို မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီး ဌာနမှူးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးရာ ထိုင်းနိုင်ငံရေပြင်တွင် ပျောက်ဆုံးသွားသော ပင်လယ်ရေပြင် ဂေဟစနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာ ဖြစ်ကြောင်း တွေ့ရှိရသဖြင့် Looking Forward ကုမ္ပဏီ ပိုင် ဂိုဒေါင်တွင် ခေတ္တထိန်းသိမ်း ထားရှိပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ လိုအပ်သည်များ ဆက်လက် ဆောင် ရွက်နိုင်ရန် သတင်းပေးပို့ ထားကြောင်း သိရသည်။
ခိုင်ထူး
Credits: MWD

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks