By Popular News
ကေအိုင်အိုနှင့်
အဆက်အသွယ် ရှိသည်ဟုဆိုကာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချခံရသည့် ဦးဘရန်ရှောင်၏
ယနေ့ လွတ်မြောက် လာမှုကို ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင်
သွားရောက် ကြိုဆိုခဲ့သည်။မြစ်ကြီးနားထောင်၌ ဖမ်းဆီးခံ ထားရသည့် ဦးဘရန်ရှောင်မှာ အစိုးရ ၏ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး ၄င်းမှာ မြစ်ကြီး နား ဂျန်မိုင်ကောင်းနှစ်ခြင်း စစ်ရှောင် စခန်း တွင် နေထိုင်စဉ် ကေအိုင်အေနှင့် အဆက်အသွယ်ရှိသည်၊ ကေအိုင်အေ ၏ ဒုဗိုလ်ကြီးဖြစ်သည်ဟုဆိုကာ ၂ဝ၁၁ ခုနှစ် ဇွန် ၁၇ ရက်တွင် စစ်ဘက်ဆိုင်ရာ အထူးစုံစမ်းရေးအဖွဲ့က ဖမ်းဆီး၍ မြစ် ကြီးနားတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီး ဦးအောင် မင်းက ၄င်းကို တရားရုံးက ပြစ်ဒဏ်ချ မှတ်ပြီးပြီဆိုပါက လွတ်ငြိမ်ချမ်းသာခွင့် ထဲတွင် ပါအောင်လုပ်ပေး မည်ဟု ကတိ ပြုထားပြီး နောက်ပိုင်း ထောင်ဒဏ်ချ မှတ်ခံရပြီး ရက်ပိုင်း အကြာတွင် ထိုသို့ လွတ်မြောက်မှု ထဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီး ဦးအောင်မင်းက ''မြစ်ကြီး နားမှာတော့ ဇာတ်လိုက် ဦးဘရန်ရှောင် ပါလာတာပေါ့''ဟု ပြောသည်။
နိုင်ငံတော် သမ္မတက ယခုနှစ်ကုန် တွင် နိုင်ငံရေး အကျဉ်းသားများ တစ် ယောက်မကျန် လွှတ်ပေးမည်ဟု ပြည်ပ ခရီးစဉ်တွင် ထုတ်ဖော်ပြော ဆိုအပြီး ယနေ့တွင် အကျဉ်းသားများကို လွတ် ငြိမ်းခွင့်ပေးကြောင်း ကြေ ညာခဲ့သည်။ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ''၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးကြောင်း သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးကို ထုတ်ပြန်ခဲ့ပါတယ်''ဟု ပြော သည်။
ထို့နောက် မြစ်ကြီးနား အကျဉ်း ထောင်စခန်းမှ လွတ်မြောက်လာသူ ၁၆ ဦးကို အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့က တွေ့ဆုံ ကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။
ဇူလိုင်လ ၂၃ ရက်နေ့က မြစ်ကြီး နား ထောင်အပါအဝင် မန္တလေး၊ သာယာ ဝတီ၊ ရွှေဘို၊ ဟင်္သာတ၊ မြင်းခြံ၊ မော်လမြိုင်၊ ကျိုင်းတုံ၊ သရက်၊ ဗန်းမော်၊ အင်းစိန်၊ လှေ လှော်အင်းနှင့် ကျောက်ဖြူအကျဉ်းထောင် တို့မှ ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ သည်။
မင်းသုအောင်၊ ဝေယံမိုးမြင့်








0 comments:
Post a Comment