-->

Wednesday, July 24, 2013

ကြော်ငြာ မင်းသမီး ဖက်ရှင်မယ် အိန္ဒြာကျော်ဇင်

ကြော်ငြာ မင်းသမီး ဖက်ရှင်မယ် အိန္ဒြာကျော်ဇင်အိန္ဒြာကျော်ဇင်က ဇာတ်ကား ရိုက်ကူးမှုတွေ နားထား ပေမယ့်လည်း ပြက္ခဒိန်တွေ ၊ ကြော်ငြာတွေ ကိုတော့ ရိုက်ကူးနေပါတယ်။ လတ်တလော မှာတော့ ဆပ်ပြာမှုန့်ကြောငြာကို စည်သူမောင် နဲ့ သရုပ်ဆောင်ခဲ့ပြီး ဇာတ်လမ်းပုံစံ နဲ့ ရိုက်ကူးခဲ့ကြောင်း ပြောပါတယ်။ ကြော်ငြာ များစွာကို ရိုက်ကူခဲ့တဲ့ အလှဖက်ရှင် မင်းသမီး တစ်ဦးဖြစ်တာကြောင့် တစ်ချိန်က ကြော်ငြာ ရိုက်ကူးမှုတွေနဲ့ အခုခေတ် ကြော်ငြာ ရိုက်ကူးမှု ကွာခြားပုံတွေ ကို မေးမြန်းတဲ့အခါ "သီချင်းတွေနဲ့ ရိုက်တဲ့ ပုံစံတွေကတော့ အရင်တုန်းတွေကလည်း လုပ်ခဲ့ပြီးပြီ။
ဒီဘက်ပိုင်းမှာ သီချင်းနဲ့ သရုပ်ဆောင် ရတာ နည်းတော့ နည်းသွားပါပြီ ။ ဒါရိုက်တာရဲ့ တင်ပြတဲ့ အပေါ်မှာ မူတည်ပါတယ်။ သီချင်းကို ပိုင်တဲ့ ဒါရိုက်တာ ကျတော့ သီချင်းနဲ့ပေါ့ ။ ဇာတ်လမ်းနဲ့ရိုက်တဲ့ ဒါရိုက်တာ ကျတော့ ဇာတ်လမ်းနဲ့ပေါ့ ။ တစ်ခုရှိတာက နောက်ပိုင်းမှာ မီဒီယာလိုင်းတွေက တအားများ သွားတယ်။ဟိုးအရင် တုန်းက ဆို ရင် မြဝတီ၊ မြန်မာ့အသံ ဒါပဲရှိတယ်။ကြော်ငြာ အချိန်ဆိုတာ ရှိတယ်။ကြော် ငြာလာ ပြီဆိုရင် လူကြီးရော၊ ကလေးရော၊ ကြော်ငြာကြိုက်တဲ့ လူက အဲဒီအချိန်ကို စောင့်ပြီး ထိုင်ကြည့်ကြ တာမျိုးတွေရှိ တယ်။ဟိုးအရင်တုန်းက ကြည့် စရာလိုင်းတွေက မများဘူး။
အခု နောက်ပိုင်းကျတော့ လိုင်း တွေကတော်တော်များသွားပြီ ဆိုတော့ ကြော်ငြာတွေကလည်း အကုန်ဖြန့်ထည့်ကြတယ်။ အာရုံ စုစည်းမှုတွေ ပျံ့သွား တာပေါ့။ ဘယ်လိုင်းမှာ ဘယ်အချိန်လာ မှန်း မသိတော့ဘူး။ တချို့တွေက တော့ သိရင်သိမှာပါ။ အူဝဲတို့ ကတော့ မသိတော့ဘူး" လို့ ပြောပါတယ်။
ဖက်ရှင်ကို ဝါသနာပါတဲ့ အနု ပညာရှင်တစ်ယောက် ဖြစ်သလို ဖက်ရှင်စတိုင် ကျကျနဲ့ အမြဲနေ တတ်သူ တစ်ဦးဖြစ်တာကြောင့် သူ့ ရဲ့ဖက်ရှင် အပေါ် အမြင်ကိုမေး တော့ "ဖက်ရှင်ကလူတိုင်းအ တွက်တော့ အရေးမပါလောက်ဘူး ထင်တယ်။ ဖက်ရှင်ကိုကြိုက် တဲ့လူတွေ၊ ဖက်ရှင်လို အပ်တဲ့ လူတွေ အ တွက် တော့ဖက်ရှင် က အရေးပါပါ တယ်။ တချို့ကလဲ ဖက်ရှင်ဖြစ်နေတာ ကို ကြိုက်ကြတယ်။ အူဝဲက ခေတ်ရေစီးကြောင်းနဲ့ Up to Date ဖြစ်တာ ကိုတော့ သဘောကျတယ်။ Up to Date ဖြစ်တိုင်းလည်း မဝတ် ဖြစ်ဘူး။ အဲဒီအထဲကမှ ကိုယ်နဲ့လိုက်ဖက်တာ ကိုပဲ ရွေးချယ်ပြီးတော့ ဝတ်ဖြစ် တယ်" လို့ ပြောပါတယ်။
"ဖက်ရှင်ဖြစ်အောင် ဝတ်တယ်၊ စားတယ်။ ခေတ်ရေစီးကြောင်း အလိုက်ဝတ်တယ်၊ စားတယ် ဆိုတဲ့အပေါ်မှာ မိန်းကလေး တွေနဲ့မလိုက်ဖက်တဲ့ တအား Sexy ဖြစ်တဲ့ ပုံစံမျိုးတွေတော့ မဝတ်စေချင်ဘူး။ ဟော့လို့ ရတယ်။ခေတ်မီလို့ ရတယ်။ ဘောင်ထဲက ပဲ ခေတ်မီအောင် ဝတ် စေချင်ပါ တယ်" လို့ ပြော ပါတယ်။
                                                                                                                                    ခိုင်ဝေလွင်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks