By SHADE Journal
မနေ့က
အကြောင်း ယနေ့ ပြောပြ လိုက်ပါ။ သေချာ ပါသည်။ ပုံပြင် သာသာ ပြောစရာ
ဖြစ်ရုံမှ တစ်ပါး အခြားဘာမျှ လုပ်ကိုင်၍ မရနိုင်တော့ ပါချေ။ မနေ့က အမှား
ယနေ့ပြောပြ လိုက်ပါ။ သေချာပါ သည်။ နောင်တသံတို့ လွှမ်းရုံမှ တစ်ပါး
အခြားမရနိုင် တော့ချ။ မနေ့က ရွှေထီးဆောင်း ခဲ့ပါလျှင် ဆောင်းခဲ့ ပါချေ။ ယနေ့
ကြုံတွေ့ နေရသော အခြေအနေသာ ယာယီ အသုံးချ ပိုင်ခွင့်တို့ ပြည့် နေတတ်
ပေသည်။ကာလကို ရင်းကာ ဘဝခရီး ကို လူတို့ချီတက် ကြရပေသည်။ ဆန္ဒကို ရင်းကာ လူတို့ရယူ ခြင်းကို ပြုလုပ်ကြရ ပေသည်။ မသိမသာ ကြီးလာသော အသက်ဘာသိဘာ သာအိုလာသော ခန္ဓာ၊ မသိမသာ စုဆောင်း ပြုခဲ့ဖူးသော အမှားတို့ နှင့်တကွ ဘဝကို ထုဆစ်မွမ်းမံနေ တတ်ကြပေသည်။
ပျော်လိုက်တာ၊ ပျင်းလိုက် တာ၊ ဝမ်းနည်းဝမ်းသာ ဆန့်ကျင် ရှာသောအဓိပ္ပါယ်နှစ်ခုအကြား ရသများစွာကို ခံစားနေကြရပေ သည်။ မှားသွားသမျှ သူပါ။မှန် သလာမျှငါ။ အခါခါ အတ္တဆန်ပြ တာကိုက လူ့သဘာဝပင် ဖြစ်ပေ သည်။ တောရွာတစ်ရွာမှ အဖြစ် အပျက်အတိုင်း ဆိုရပါမူ ထန်းရည် သောက်ချင်၍ ထန်းပင်ပေါ်အ တက်ခိုင်းရာ အောင်မြင်စွာတက် ၍ယူပေး နိုင်သမျှ ငါ့ကောင်ကြီး တက်ကွဟု ပြောခဲ့ပေသည်။ ပြုတ်ကျသမျှ တစ်နေ့ကျမှ 'မင်း ကောင်ကြီးတော့ ကျပဟေ့ 'ဟုပင် ပြောဆို တတ်ကြမြဲပင် ဖြစ်သည်။ တရားသဘောကို ပဲပြော ပြော သဘောတရားကိုပဲ ဆိုဆို မှန်ကန်ခြင်းကို ဆိုပါမှ သစ္စာထိုက် မည်ဖြစ်ပေသည်။ အောင်မြင်ခြင်း ဆိုသော အရာတိုင်း အတွက်တစ် နေ့ချင်း တစ်ခဏချင်း တို့ကို ရင်းနှီး ကြိုးစားခဲ့ကြ ရပေသည်။ မှန်ကန် သောသဘောတရား၊ မမှားသော တရားသဘော အလိုအရ ကိုယ် ပြုံးပြမှသူ့အပြုံးကိုရကြဲမြဲပင်ဖြစ် ပေသည်။
လူသည်ဟန်ဆောင်ကောင်း သောသတ္တဝါတစ်မျိုးပင်ဖြစ်သည်။ လူသည် အကောင်းပြောခြင်းကို သာခံလိုသော အတ္တအစုအဝေး ပင်ဖြစ်သည်။ လူသည် လောဘ တရားဖြင့်ဥာဏ်အမြင်လည်းကန်း တတ်သူသာလျှင်ဖြစ်သည်။ လူ သည် မဆုံးသောမျှော်လင့်ချက် ဖြင့်သေသည်အထိတမ်းတတက် သောသတ္တဝါပင်ဖြစ်နေတတ်ပေ သည်။
မိုက်မှားမှုတို့များစွာကျူးလွန် ရင်းတန်ဖိုးမထားတတ်သူများစာ ရင်းတွင် လူသည် ထိပ်ဆုံးမှပါဝင် နေပေသည်။ အလကားရသော လေကိုပေါ့ပေါ့ တန်တန်ထားကာ သိသိသာသာ ရှုသွင်းမူအားနည်း တတ်ကြပေသည်။ သဘောဝ အလင်းရောင်ဖြင့်လှနေသော တက်နေဝန်းကိုထွန်းလင်းသော အလှအဖြစ် ခံစားဖြစ်သူနည်းပေ သည်။ အလကားအုပ်မိုး ပေးထား သောကောင်းကင်ပြာပြာ ကြီးကို လွတ်လပ်သော အရသာဖြင့် ကြည့်ရှု ခံစားချိန် နည်းနေကြပေ သည်။ တစ်နည်းအားဖြင့် လူ သည်အလှကြိုက်ကာ အလှကန်း သောသူများလိုပင် ဖြစ်နေပေသည်။ ကျေးဇူးပြု၍ မနေ့က အကြောင်းကို ခဏရပ် ထားပေး ပါ။ ယနေ့အချိန် ကုန်သွားမှာ စိုးရိမ်လို့ ပါဆိုသော စကားတစ်ခု ရှိနေပေသည်။ တန်ဖိုးထား၍ အကောင်းဆုံး အလှ ဖန်တီးနိုင် ဆုံးဘဝကို ပုံသွင်းထု ဆစ်နိုင်သော အရာမှာ ယခုကြုံတွေ့ နေရသော ပစ္စုပ္ပန်သာလျှင် ဖြစ်နေတတ်သည်။ မြတ်စွာဘုရား တာဝတိံသာ တွင် ဝါတွင်းအခါ၌ အဘိဓမ္မာ တရားဟောကြားရင်းကြားအချိန် တွင် ဟောသော တရားတစ်ခုရှိ ပေသည်။ ထိုသုတ္တန်အားဘန္ဒေ ကရသုတ္တန်ပင်ဖြစ်ပေသည်။ ထို သုတ္တန်၏ ဆိုလိုရင်းအဓိပ္ပါယ်တွင်
၁။ လွန်သွားပြီးသောအတိတ်ကာ လသို့လည်းစိတ်မရောက်စေနှင်။
၂။ အနာဂတ်ကာလကိုလည်း မျှော်လင့်စောင့်စားမနေနှင့်။
၃။ ယခုကြုံနေရသောပစ္စုပ္ပန်ကာ လကိုသာ မိမိရရ ဆုပ်ကိုင်လျက် ကောင်းအောင် ကြိုးစားရာ၏ ဟူ၍ပင် ဖြစ်ပေသည်။
ပညာရှိတို့၏ အဆိုကားယခု ရောက်ဆဲဖြစ်သော အချိန်သည် ကားအကောင်းဆုံး ဖြစ်သည်ဟု ပင်ဆုံးဖြတ် ကြပေသည်။ ပစ္စုပ္ပန် ကောင်းပါမှ အနာဂတ် ကကောင်း လာမည် ဖြစ်ပေသည်။ ယခုလက် ဝယ်ရှိသော ကြက်ဥသည် နက်ဖန် ခါရမည့် ကြက်တစ်ကောင်ထက် တန်ဖိုးရှိသည်ဟုပင် ဆိုထားခဲ့ပေ သည်။
မြတ်စွာ ဘုရား၏ တရားတော် အရဆိုရပါမူ ယခုအချိန်ကောင်း ကိုလက်လွန်သွား၍နောင်တပူပန် ရပါလျှင် ဝိပ္ပဠိသာရဖြစ်တတ် သည်ဟုပင်ဟောကြားထားခဲ့ပေ သည်။ မာပမာဒတ္တ ဘိက္ခဝေ၊ ပစ္ဆာ ဝိပ္ပဋိသာရိနော၊ မအဟုဝတ္တ အယံခေါ၊ အမှာကံ အနုသာသနီ၊ ဘိက္ခဝေ ချစ်သားတို့ မာပ မာဒတ္တ ယခုအချိန်အခါကို မမေ့ ကြကုန်လင့်၊ ပစ္ဆာ၊ နောင်အချိန်ကြ မှ ဝိပ္ပဋိသာရိနော-အချိန်ကောင်း လွန်မိလေခြင်းဟု ပြင်းထန်သော နှလုံးပူပန်ခြင်း တို့သည် မအဟု ဝတ္တမဖြစ်ကြ ကုန်လင့် အယံခေါ နောင်တမ ဖြစ်ရန် မမေ့လျော့ဖို့ သတိပေးခြင်းသည် ပင်လျှင် အမှာ ကံ-ငါဘုရားတို့၏ အနုသာသနီ ကြိုတင်သိရေး သတိပေးခြင်းဖြစ် ပေသည်ဟူ၍ပင် ဟောကြားခဲ့ပေ သည်။
ကောင်းကျိုးကိုလက်လွှတ် သမျှမကောင်းမှုကိုကျူးလွန်သူ များဖြစ်သွားနိုင်ပေသည်။နောင် တနှင့် ပြောဆိုညဉ်းတွားသူများ ဟုပြောဆိုနိုင်သူ(၂)ဦးရှိပေသည်။ ဒေဝဒတ်သည်မြေမြိုကာနီးကျမှ ငါမှားပြီ မြတ်စွာဘုရားကိုကန် တော့ပါ၏ဟူ၍ နောင်တကြီးစွာ ရ၏။ အဇာသတတ်သည်လည်း အဖကိုသတ်မိပြီးမှ အိပ်မပျော် စားမဝင်ယူကြုံးမရဖြစ်ရလေ၏ဟု ပင်ဆိုထားခဲ့ပေသည်။
အနိစ္စဆန်သောလောကထဲ တွင်ယခုဆိုသောကာလကိုယာ ယီအသုံးချခွင့် ရနေပါချေပြီ။ အတိတ်ကို ခဏ ထားခဲ့လိုက်ပါ။ ယခုကိုသာကောင်းတာပြုသင့်လှ ပါပေသည်။ကိုယ့်ဘေးနားမှလေ ကိုတဝကြီးရှုရှိုက်ခွင့်ကြုံနေပါပြီ လား ယခုပင် အားရပါးရရှုသွင်း သင့်လှပါချေပြီ။ စာရှုသူ အဆွေ မျက်စိကို ခဏမှိတ် လိုက်ပါ။ အ သက်ကို ပုံမှန်ရှုသွင်း လိုက်ပါ။ငြိမ်း ချမ်းသောအရသာ ချက်ချင်းခံစား သွားရပေမည်။ သုံးမိနစ် စောင့် စရာမလိုပါ။ လက်တွေ့အကျိုးခံ စားရပြီး သေချာပြီမို့ ကြိုးစား၍ ကောင်းမှုပြုကြပါစို့ဟု ပင်တိုက် တွန်းလိုက်ချင် ပါတော့သည်။
သရက်တန်းစိုးရွှေ(စိတ်ပညာ)








0 comments:
Post a Comment