By Popular News
ပြည်တွင်းထုတ်
မဂ္ဂဇင်းတွေမှာ အလှ ဓာတ်ပုံတွေ များစွာဖော်ပြ ခံရသူ လည်းဖြစ်၊ မော်ဒယ်
တစ်ယောက် အနေနဲ့ ပရိသတ် အားပေးမှု ကို ရရှိနေ သူဖြစ်သလို ယခုကြော်ငြာ
ရိုက်ကူးတဲ့ အခါမှာလည်း ပရိသတ် တွေ အားပေးမှုရရှိသူ ကတော့ ပက်ထရစ်ရှာပဲ
ဖြစ်ပါတယ်။ တီဗီမှာ ကိုယ့်ကြော်ငြာ ထုတ်လွှင့် ချိန်တိုင်းကြည့်
ပြီးကိုယ့်ကိုယ်ကိုယ် အမြဲဝေဖန်တယ် လို့ပြောကြားလာသူ ပက်ထရစ်ရှာ က “တီဗီမှာ
ကိုယ့်ကြော်ငြာထုတ် လွှင့်ပြသတိုင်း ကိုယ့်ရုပ်ကိုယ် ပြန် ကြည့်ပြီး
လိုအပ်ချက်တွေ အများကြီး ကို တွေ့တွေ့လာတယ်။ ဒီကြော် ငြာမှာတွေ့ လိုက်တဲ့
လိုအပ်ချက်ကို နောက်တစ်ခု ဒီ ထက်ကောင်း အောင် လုပ် မယ် ဆို တဲ့
အသိဝင်လာတယ်။ ဝါမရင့်သေး တဲ့အခါကျတော့ ကင်မရာ အယူအဆ ကိုလည်း သိပ်မသိသေးဘူး။
ဘယ် လို နေရင် ဘယ်လိုပေါ်ပြီးလှလဲဆိုတာ ကိုပေါ့။ ပြီးတော့ ကင်မရာအကြောင်း
ကိုလည်းလေ့လာဖြစ်တယ်” လို့ပြော ပြပါတယ်။ကြော်ငြာ ရိုက်တဲ့ အခါ ကြုံ တွေ့ရ တဲ့အခက်အခဲတွေ နဲ့ပတ်သက် ပြီး “အခက်အခဲ ရှိတာကို ကြိုးစားမှု လိုအပ်လို့ ရှိတယ်လေ။ အဲဒါကြောင့် ကြိုးစား လိုက်တယ်။ ကျောင်းနှစ်လ ပိတ်ထားတော့ အနုပညာ အလုပ်ကို ဆက်တိုက် လုပ်ဖြစ်နေတယ်။ မဂ္ဂဇင်း ဓာတ်ပုံတွေ ကိုလည်း ရိုက်တယ်။ ကြော်ငြာက ၁ဝ စက္ကန့်အတွင်း ပရိသတ် ကို ဖမ်းစားရ မယ်ဆိုတော့ ပိုပင် ပန်းတယ်။ ဒါပေမဲ့ ကိုယ်လုပ် လိုက်တဲ့ အိုက်တင် တစ်ခုက ကိုယ်ကသဘော မကျပေမယ့် ဒါရိုက်တာက သဘော ကျလို့ ကဒ်ပေး လိုက်ရင်လည်း ဒီအတိုင်း ပါသွားတယ်။ ဒါကြောင့် ကြော်ငြာတို့၊ ရုပ်သံတို့ ဆိုရင် ပိုပြီး ဂရုစိုက်ရတယ်” လို့ ပြောပြ ပါတယ်။
ထူးထူး








0 comments:
Post a Comment