-->

Monday, July 15, 2013

Panasonic ကထုတ်မည့် လက်မ ၂၀ ကျောက်သင်ပုန်း ကွန်ပြူတာ

By ရိုးရာလေး panaTablet တစ်လုံး လက်မ ၂၀ ဆိုတော့ ဘယ်လိုများ သုံးမလဲ မသိပါဘူး။ ဂျပန် Panasonic ကတော့ CES 2013 မှာ Prototype အနေနဲ့ ဝင်ရောက် ပြသခဲ့ပြီး ဖြစ်ပါတယ်။
၉.၇ လက်မ iPad 4 တောင် ကြီးတယ် ဖြစ်နေတာ။ လက်မ ၂၀ ဆိုရင်တော့ သွားလေရာ သယ်ဖို့ အဆင်မပြေတာ သေချာနေပါပြီ။ သိုပေမယ့် Panasonic ကတော့ တကယ်ထုတ်မှာပါတဲ့။ resolution 840x2,560-pixel ရှိပြီး တစ်လက်မ စကေးမှာ 230 pixels အရည်အသွေး ထုတ်နိုင်တယ် ဆိုတော့ နည်းတဲ့ ကြည်လင်ပြတ်သားမှု မဟုတ်ပါဘူး။ LCD Display ကိုပဲ အသုံးပြု တာပါ။
ကြိုးမဲ့ ကီးဘုတ်သာ တပ်ပေးလိုက်ရင် PC တစ်လုံးလို အသုံးပြုလို့ရမယ် ထင်ပါတယ်။ အရွယ်ကကြီး resolution ကလည်းကောင်းတော့ ရုပ်ရှင် ကြည့်ရင်ကြည့်၊ ပုံတည်းဖြတ်ရင်တည်းဖြတ် . အဲဒါအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး Tablet ဖြစ်လာနိုင်တဲ့ လက်မ ၂၀ Tablet ကို Panasonic တို့ အနာဂတ်မှာ ထုတ်လုပ်သားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks