- By ရိုးရာလေး
တနေ့မှာ
စကော့တလန် လူမျိုး ဆင်းရဲသား ဖလဲမင်းဟာ သူ့ရဲ့ ကျောက်စရစ်ယာ ခင်းမှာ
ထွန်ယက်နေတုန်း အနီးနား ရွံ.ညွန်တောဆီက ငိုယိုအော်ဟစ် အကူအညီ
တောင်းသံကိုကြားလိုက် ရတယ်။ ရွှံ.ညွန်ထဲမှာ လည်ပင်းထိ နစ်နေပြီး ထိတ်လန့်၍
အော်ဟစ်နေရင်း လွတ်မြောက်ဖို့အတွက် ရုန်းကန်နေသော လူငယ်လေး တယောက်
သူတွေ.လိုက်ရတယ်။ လယ်သမား ဖလဲမင်း လည်း ရွံ.ညွန်ထဲက လူငယ်လေးဆီကို
ခက်ခက်ခဲခဲ ရောက်အောင်သွားပြီး ဒုက္ခရောက်နေတဲ့ လူငယ်လေးကို ကယ်တင်
လိုက်နိုင်တယ်။ ဖလဲမင်းဟာ သေခြင်းတရား ဆီကို ရောက်လုနီး လူငယ်လေး တယောက်ကို
ကယ်တင်နိုင် ခဲ့တယ်။ လူငယ်လေးက ဖလဲမင်းကို အသက်ပြင်းပြင်းရှူလျှက်
ကျေးဇူးတင်ကြောင်းပြောပြီး သူ့ရဲ့အိမ်ပြန်လမ်းဆီး ပြေးထွက် သွားတယ်။နောက်တနေ့မှာ တလှတန်ဆာ ဆင်ယင် ထားတဲ့ မြင်းလှည်းတစီး ဖလဲမင်းရဲ့ တိုက်အိမ်လေး ရှေ.ကို ရောက် လာတယ်။ မြင်းလှည်းထဲက ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့ လူကြီး တဦးထွက်လာပြီး သူဟာ မနေ့က ဖလဲမင်း ကူညီလိုက်တဲ့ သူငယ်လေးရဲ့ ဖခင်ပါလို့ မိတ်ဆက်တယ်။ "ကျွန်တော် ခင်ဗျားကို ကျေးဇူးဆပ် ချင်လိုပါ" ဟုထိုလူကြီးက ပြောလိုက်တယ်။ ပြီးတော့ "ခင်ဗျား ကျွန်တော့သား အသက်ကို ကယ်တင် ခဲ့တယ်" "ကြင်နာတတ်တဲ့ ဘယ်သူမဆို ကျွန်တော့လိုပဲ ကူညီကြမှာပါ " လို့ လယ်သမား ဖလဲမင်းက ပြန်ပြောတယ် ။
"အဲ့ဒီအတွက် ဘာတုန့်ပြန်မှုကိုမှ ကျွန်တော် မလိုချင်ပါဘူး" ထိုအချိန်မှာပဲ လယ်သမား ဖလဲမင်းရဲ့ သားဟာ အိမ်တံခါးဝကို ထွက်လာတယ်။ "သူက ခင်ဗျားရဲ့ သားလား" ဧည့်သည် လူကြီးက မေးလိုက်တယ်။ လယ်သမား ဖလဲမင်းလည်း ဟုတ်ပါတယ်လို့ ဂုဏ်ယူစွာ ပြန်ဖြေခဲ့တယ်။ ဧည့်သည် လူကြီးက ခင်ဗျားနဲ့ ကျွန်တော် အပေးအယူ တခုလုပ် ချင်တယ်။ "သူ့ကို ကျွန်တော့သားနဲ့ တန်းတူပညာ သင်နိုင်ရေး အတွက် ကျွန်တော်ကူညီ ထောက်ပံ့ ချင်ပါတယ်။ ဒီကလေးသာ သူ့အဖေနဲ့ တူတဲ့ ကလေးဆိုရင် သူဟာ ခင်ဗျားနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဂုဏ်ယူရမဲ့ ကလေးအဖြစ် ကြီးပြင်း လာပါလိမ့်မယ်။
ဒီလိုနဲ့ ဆင်းရဲတဲ့ လယ်သမား ဖလဲမင်းရဲ့ သားငယ်လေးဟာ အကောင်းတကာ့ အကောင်းဆုံး ကျောင်းကို တက်ခွင့် ရခဲ့တယ် ။ လန်ဒန်မြို. စိန့်မေရီ ဆေးကျောင်းက ဘွဲ.ရခဲ့တယ်။ သူဟာ ပနယ်ဆလင်ကို ရှာဖွေတွေ.ရှိခဲ့ပြီး ဆာအလက်ဇန်းဒါး ဖလဲမင်း လို့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့တယ်။ ပနယ်ဆလင်ကို ရှာဖွေတွေ.ရှိပြီး နှစ်အနည်းငယ် အကြာမှာတော့ ရွံ.ညွန်ထဲ နစ်နေရာက အသက်မသေဘဲ လွတ်မြောက် လာခဲ့ဘူးတဲ့ သူငယ်လေးဟာ အဆုပ်အအေးမိ ရောဂါ ဖြစ်လာတယ်။
ဒီအချိန်မှာတော့ အဆုပ်အအေးမိ ရောဂါကြောင့် သေမဲ့ဘေးနဲ့ ရင်ဆိုင်နေရတဲ့ သူငယ်လေးကို မည်သည့် အရာက ကယ်တင် ခဲ့ပါသလည်း။ ပနယ်ဆလင်က သူ့ရဲ့အသက်ကို ဒုတိယ အကြိမ်မြောက် ကယ်တင် လိုက်နိုင်ပါတယ်။ ဒါဆိုရင် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဖလဲမင်း သားအဖကို ကူညီခဲ့တဲ့ လူကြီးကဘယ်သူပါလဲ ။ အင်္ဂလန်ရဲ့ သူကောင်း တဦး ဖြစ်တဲ့ လော့ဒ်ရဲန်ဒို့လ်ဖ် ချာချီ ဖြစ်ပြီး သူ့ရဲ့သားနာမည်က အင်္ဂလန် နိုင်ငံကို ဒုတိယ ကမ္ဘာစစ်ကြီးမှာ အောင်ပွဲရအောင် ကာကွယ်လိုက်နိုင်တဲ့ အင်္ဂလန် ဝန်ကြီးချုပ် ဝန်စတန် ချာချီပဲဖြစ်ပါတယ်။ ရှေးလူကြီးတွေ ပြောသလိုပဲ သင်ပေး သလောက် သင်ပြန်ရပါ လိမ့်မယ်။
Ref : Soup for Soul (motivational essays)








0 comments:
Post a Comment