By The Voice Journal
မိတ္ထီလာ ပဋိပက္ခ စတင်ခဲ့သော နယူးဝိန့်စိန် ရွှေဆိုင်ခန်း ဖျက်ဆီး သူများကို ဇူလိုင် ၁၀ ရက်နေ့တွင် မိတ္ထီလာမြို့နယ် တရားရုံးက အမိန့် ချမှတ် လိုက်ကြောင်း အဆိုပါ တရားရုံး ထံမှ သိရသည်။ရွှေဆိုင်ခန်း ဖျက်ဆီးခဲ့မှုတွင် ပါဝင် ပတ်သက်သူ ခုနစ်ဦးကို မိတ္ထီလာမြို့ အမှတ်(၂) ရဲစခန်းက ဖမ်းဆီး၍ မိတ္ထီလာမြို့နယ် တရားရုံးတွင် တရားစွဲဆို ခဲ့ရာ ဇူလိုင် ၁၀ ရက်နေ့က ၎င်းတို့ကို ပုဒ်မ ၄၂၇ အရ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း အဆိုပါမြို့နယ် တရားရုံး ထံမှ သိရသည်။
နယူးဝိန့်စိန်ရွှေဆိုင် ဖျက်ဆီးမှုဖြင့် ပြစ်ဒဏ် ချခံရသူများမှာ ဝင်းဇော်ဦး (ခ) ပုလင်း၊ နွဲ့နွဲ့ဝင်း (ခ) ဒလက်မ၊ အောင်ထွန်း၊ ဝင်းထွန်း (ခ) ဘာဘွတ်၊ လှမင်း (ခ) ကုလားကြီး၊ ကျော်ဦး (ခ) ညီညီထွန်း၊ ကျော်နိုင် (ခ) ကိုနိုင်တို့ ဖြစ်ကြောင်း အဆိုပါ မြို့နယ်တရားရုံးထံမှ သိရသည်။
မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့နယ် ပြွန်ကောက် ကျေးရွာတွင် အလှူပြုလုပ်ရန် အလည်ရောက်ရှိ လာသော ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်နေ ဦးခင်မောင်ဝင်းနှင့် ဒေါ်အေးအေးနိုင်တို့သည် ရွာခံ အဖော်ဖြစ်သူ ဒေါ်ညိုသန်းနှင့်အတူ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေဆံကုပ် သွားရောက် ရောင်းချ ကြောင်း၊ ယင်းသို့ ရောင်းချရာတွင် အဆင်မပြေဖြစ်ပြီး စကားများရာမှ ရွှေဆိုင်ရှင် လူအုပ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့သည်ကို အနီးဝန်းကျင်ရှိ လူထုက မကျေနပ်၍ ရွှေဆိုင်ကို ဖျက်ဆီးခဲ့ရာက မိတ္ထီလာ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရအဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။








0 comments:
Post a Comment