-->

Tuesday, July 30, 2013

အမေရိကန်မှ နှစ်ပေါင်း ၈၀ ကျော် မြဲမြန်သော အိမ်ထောင်ရေး

lovecoupleအမေရိကန်မှာ သက်တမ်း အကြာမြင့်ဆုံး အိမ်ထောင်ရေးလို့လည်း စံချိန်တင်ပါတယ်။
John က အသက် ၁၀၁ ရှိပြီ ဖြစ်ပြီး သူ့ရဲ့  အမျိုးသမီး Ann Betar ကတော့ အသက် ၉၇ နှစ် ရှိပါပြီ။ အိမ်ထောင်ကျစက အမျိုးသမီးဟာ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။
Ann Betar ရဲ့  မိဘတွေက သူ့အတွက် အခြားအမျိုးသား တစ်ဦးနဲ့ အိမ်ထောင်ချပေးမယ်လုပ်တော့ John နဲ့ Ann Betar ဟာ နယူးယောက်မြို့ ကို ထွက်ပြေးပြီး နှစ်ကိုယ်တူ ဘဝတစ်ခု တည်ဆောက်ခဲ့ ပါတယ်။ John ဟာ အလုပ်ကြိုးစားပြီး စတိုးဆိုင် ငယ်လေး ဖွင့်ပါတယ်။ သားသမီး ၅ ဦးထွန်းကားပြီး မြေး ၁၄ ဦး၊ မြစ် ၁၆ ဦး ရှိပါတယ်။ သားသမီး ၂ ဦးဟာ သူတို့ အသက် ၆၀ အရွယ်မှာတင် ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။
John နဲ့ Betar ကတော့ အသက်ရှည်ဆဲ ပါပဲ။ လှုပ်ရှားသွားလာနိုင်မှု သိပ်မရှိတော့ပေမယ့် ယနေ့တိုင် ကျန်းမာနေဆဲ ဖြစ်တဲ့ John တို့ဟာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ကတည်းက အိမ်ထောင်သက် နှစ် ၈၀ ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် John နဲ့ Betar ကို အမေရိကတွင် သက်တမ်းအကြာဆုံး ဇနီးမောင်နှံ အဖြစ် စံချိန်တင် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
--
Ref: telegraph
ရိုးရာလေး နိုင်ငံတကာ

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks