-->

Tuesday, July 30, 2013

လေယာဉ်ကိုအနီးကပ်မြင့်နိုင်သော နယ်သာလန်က Sint Maarten ကမ်းခြေ

flightလူဦးရေ ၄ သောင်းဝန်းကျင်ပဲ ရှိတဲ့ Sint Maarten ကျွန်းမြို့ ငယ်လေးက the princess Juliana အမည်ရ နိုင်ငံတကာ လေဆိပ်တစ်ခု ဖြစ်ပါတယ်။ Photoshop နဲ့ ပြုပြင်ထားခြင်း မဟုတ်ပါဘူး။
နယ်သာလန်နိုင်ငံပိုင် ကာရေးဘီးယန်းပင်လယ်ဘက်အခြမ်း Sint Maarten ကမ်းခြေမြို့ မှာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများနဲ့ အမြဲ စည်ကားလျက် ရှိပြီး အထူးခြားဆုံး အရာ တစ်ခုကတော့ လေယာဉ်ပျံ အနီးကပ် ပျံသန်းခြင်း ဖြစ်ပါတယ်။ မြေပြင်နဲ့ အနီးကပ်ပျံသန်းတာပါ။ အကြောင်း ကတော့ လေယာဉ်ကွင်း အရှည်က မီတာ ၂၁၈၀ ပဲရှိပါတယ်။ Air Bus ကြီးတွေ ဆင်းသက်ဖို့အတွက် လုံလောက်တဲ့ မိုင်အရှည် မရှိပါဘူး။
ဒါကြောင့် ပင်လယ်ကမ်းခြေက စလို့ မြေပြင်နဲ့ အတက်နိုင်ဆုံး အနီးကပ် မောင်းပြီး ဆင်းသက်ပါတယ်။ ဒါကြောင့် ကမ်းခြေမှာ လာရောက် အပန်းဖြေတဲ့ ခရီးသွားများ အနေနဲ့ လေယာဉ်အနီးကပ် ပျံသွား၊ တက်သွားတာကို မြင်တွေ့ရပါတယ်။ ယင်းအတွက်တောင် သီးသန့်စောင့် ကြည့်ကြပါတယ်။ အန္တရာယ်လည်း များလို့ ခပ်မြင့်မြင့် အဆောက်အအုံ တွေလည်း ကမ်းခြေမှာ ဆောက်မထားပါဘူး။
လေယာဉ်ကြီးများ မြေပြင်နဲ့ အနီးကပ်ပျံသန်းတဲ့ Sint Maarten ကမ်းခြေဟာ လည်း ကမ္ဘာ့အလှဆုံး အပန်းဖြေကမ်းခြေများ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး Travel

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks