-->

Tuesday, July 2, 2013

တမာမြေမှ ပဲ့တင်သံများ

တမာမြေမှ ပဲ့တင်သံများ"ငါးပိ သည်ကအိပ် ဆားသည်က ယင်ခြောက်"လို့ပြော မလား။ "ကြက်တူရွေး ကတော် တော်မယ်ဘော် ကကဲ"လို့ဆိုကြ မလား။ လက်သည်း ဆိတ် လို့ လက်ထိပ် နာတာပဲ"လို့ မှတ်ချက်ပေး ကြမလား။ တစ်မျိုးမျိုး နဲ့တော့ သတ်မှတ် ရမယ် ထင်တဲ့ ဖြစ်ရပ် တစ်ခုမင်းဘူး ဆေးရုံမှာ လွန်ခဲ့ တဲ့ ဇွန်လ(၇)ရက်နေ့က ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
ကျွန်မအမည် ဘယ်သူပါလို့ မိတ်ဆက်ပြီး ရင်ဖွင့် လာတဲ့ သူနာ ပြု ဆရာမလေး ဆီက စကားကို ကြားလိုက် ရတဲ့အခါ ကွာဟတဲ့ ဘဝတွေ အပေါ်စာနာ လိုက်မိပါရဲ့။ "ဟောက်ဆာဂျင် အဆင့်နဲ့တောင် ဒီလောက် ရိုင်းပျတာ၊ ဆရာဝန် ကြီးသာဖြစ်ရင် ကျွန်မတို့ သူနာပြု တွေနေ စရာတောင် ရှိမှာ မဟုတ်ပါ ဘူး။ လူနာတွေ၊ လူနာရှင်တွေ၊ အလုပ်သင် ဆရာမတွေ အယောက် နှစ်ဆယ်လောက်ရဲ့ရှေ့မှာ ပေါက် ကွဲပြီး ကော်ဖီခွက်နဲ့ ပေါက် လိုက်တာပါ။
ပေါက်လိုက် တာက ခုံပေါ်ကိုဆိုပေမယ့် သူနာပြုဆရာ မရဲ့နဖူးကိုပန်းကန်ကွဲ အစအန ကင်းစင်သွားပါတယ်။ နဖူးမှာ သွေးထွက်အောင် ဖြစ်စေခဲ့တဲ့ ဒဏ်ရာက သိပ်မပြင်း ပေမယ့် ဆရာမရဲ့ရင်မှာဖြစ်တည်သွားတဲ့ ဒဏ်ရာကတော့အတော်ကြီးကို အချိန်ယူ ကုစားရ တော့မှာပါတဲ့။ အဲဒီနေ့ကဖြစ်ရပ်ကိုမျက်ဝါး ထင်ထင်တွေ့လိုက်ရတဲ့ ဘဝတူ သူနာပြုတွေနဲ့ ကိုယ်တိုင်မတွေ့ လိုက်ရပေမယ့် တဆင့်ကြားနဲ့ သိလိုက်ရတဲ့ သူနာပြုတွေပါသူတို့ ကိုယ်သူတို့ လုံခြုံမှု မရှိတော့ဘူး လို့ ခံစားနေကြရတယ် လို့ဆိုပါ တယ်။
"အစက အဲဒီကိစ္စကို ဘယ် သူကမှအရေး တယူမရှိခဲ့ကြပါ ဘူး။ ပြင်ပလူနာ ဌာနမှာ ဒဏ်ရာ သွားပြတော့ PC ထုရမှာလား နဲ့ဖြစ်နေ တော့မှ လူကြီးတွေက ဆရာမကို ဖုန်းနဲ့ လှမ်းခေါ်ပြီးမေး တာစမ်းတာတွေ လုပ်တာပါ။ အဲဒီ ဆရာမက ကျွန်မတို့ထက် စီနီယာ ကျပါတယ်။အ ရင်က တက်တက် ကြွကြွ ရှိခဲ့သူပါ။ လူကြီးတွေ သူတို့ အခန်းထဲခေါ်ပြီးတဲ့ နောက်ပိုင်း ကစပြီး ဒီနေ့အထိ စကားတောင်မပြော တော့ပါဘူး။ စိတ် ပိုင်းဆိုင်ရာမှာ အတော်ကြီးကို ထိခိုက်သွားပုံ ရပါတယ်။
"ကျွန်မတို့က တာဝန်ချိန် မှာ ကိုယ်တတ်ကျွမ်းတဲ့ ပညာကို သိက္ခာရှိရှိနဲ့ အသုံးချ နေသူတွေ ပါ။ သူက အလုပ်သင် ဆရာဝန် တစ်ဦးပါ။ ကျောင်းတောင်မပြီး သေးပါဘူး။ ကျွန်မတို့စီနီယာ အပေါ်ပြောဆို သုံးနှုန်းတဲ့ စကား တွေကို ကျွန်မနှုတ်ကပြန်ပြော မထွက်ရဲပါဘူး။ ဟာမ ... ဟာမတွေနဲ့ နေတာပါပဲ" သူနာပြုဆရာမလေးဆီက တုန်ရီစွာထွက်ပေါ်နေတဲ့စကား အဆုံးမှာ လွန်ခဲ့တဲ့တစ်နှစ် လောက်က ယာဉ်အက်ဆီးဒင့် ဖြစ်ပြီး တိုင်းဆေးရုံကြီးပေါ် သေ လုမျောပါးနဲ့ လူနာရှင်မပါဘဲ ရောက်လာတဲ့ လူနာကို ဆေး ကုသမှုမပေးဘဲ ကုတင်ပေါ်မှာ ပစ်ထားတာကြောင့် "ဆေးကုသ မှုမပေးဘူး လားဗျာ"လို့မေးမိတဲ့ အဖြစ်အပျက်ကို သွားသတိရ လိုက်ပါတယ်။
အဖြေက "ဆေးဖိုးကုန်ကျ တာ ဘယ်သူရှင်းမှာလဲ"တဲ့။ ဒီ တော့ "ဪသာ် အဲဒီလိုလား၊ ကျွန်တော်ကမီဒီယာသမားမို့အဲဒီ စကားကိုတော့ရက်ကော့ဒ်လုပ် ထားရပါ လိမ့်မယ်"လို့ပြောလိုက် ပါတယ်။ အဲဒီအခါဟောက်ဆာ ဂျင်လေးက"ခင်ဗျားကို ဝတ္တရား နှောင်ယှက်မှုနဲ့တရားစွဲလို့ရတယ်" ဆိုပြီးခြိမ်းခြောက်ပါလေရောလား။ ဟုတ်မှာပေါ့။ ဟောက်ဆာ ဂျင်ပါဆိုမှ ခြိမ်းလိုက်ခြောက် လိုက်ဟိန်း လိုက်ဟောက်လိုက် တော့ရှိမှာပေါ့နော့။ (အလုပ်သင် ဆရာဝန်တိုင်းကို မဆိုလိုပါ ဘာပဲဖြစ်ဖြစ် အဟောက်ခံ ရတာတန် ပါတယ်။
ကိုယ်နဲ့ပြောဆိုပြီး တာနဲ့ ချက်ချင်းပဲ သူတို့ပစ်ထားတဲ့ လူနာ ကိုဆေးကုသမှု ပေးခဲ့လို့ပါပဲ။ တကယ်တော့ အလုပ်သင် ဆရာဝန်လေး တွေဟာ လူနာ တွေအားကိုး အားထားပြုရာ ဆရာ ဝန်ကြီးတွေဖြစ်လာမယ့်သူတွေ ပါ။ အလုပ်သင်ဘဝကတည်းက လူနာတွေနဲ့ကိုယ့်ရဲ့လုပ်ဖော်ကိုင် ဖက်ဝန်ထမ်းတွေအပေါ်မောက်မာ တဲ့အကျင့်ကိုမွေးမယူသင့်ပါဘူး။ တန်ဖိုးကြီးမားတဲ့ အနာ ဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်ဖို့ မိုးကောင်းကင်မှာပဲ ထာဝရလင်း လက်နေစေချင် ပါတယ်။ ကောင်း ကင်ကနေ အခြေမလှလို့ြွေက ကျတဲ့ကြယ်အဖြစ်နဲ့တော့ မတွေ့ မြင်လိုပါဘူး။ ယောကျာ်းကောင်း ဆိုတာ အမှားတစ်ခုကျူးလွန်မိ ရင် အဲဒီအမှား အတွက် ထိုက် တန်တဲ့ပေးဆပ်မှုနဲ့ တုန့်ပြန်ဖို့ ဝန် မလေးသင့် ဘူးပေါ့။
ယောကျာ်း ရင့်မာကြီးနဲ့ အားနွဲ့သူမိန်းမသား ဘယ်အ ကြောင်းတရားနဲ့ ပဲဖြစ်ဖြစ်၊ သွေး ထွက်သံ ယိုဖြစ်တဲ့ အထိတော့ မပေါက်ကွဲ သင့်ဘူး။ ပြီးတော့ လူနာတွေရဲ့ရှေ့မှာ သူနာပြုဆို တာလည်း လူနာထုတစ်ရပ်လုံး အတွက်တော့ အားကိုးအား ထားပြုရာပေပဲ။ ဒါကြောင့် သူ့ သိက္ခာတွေ အလွှားလိုက်ကွာ ကျသလို ခံစားရတော့ ရှက်ရှာ ပေမပေါ့...နော့။
ဒီဖြစ်ရပ်ကြောင့် ကာယကံ ရှင်သူနာပြုဆရာမတင်လား ဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ၊ ကျန်တဲ့သူနာပြုတွေမှာလည်း ကိုယ့်အလှည့်ကျရင် ဖိနပ်နဲ့ တောင်အပေါက်ခံရမလားဆိုပြီး စိုးရိမ်စိတ်ကိုယ်စီဖြစ်နေကြတယ် ဆိုပဲ။ ဘာပဲဖြစ်ဖြစ်အများရှေ့မှာ စော်ကားသလိုဖြစ်ခဲ့တာဆိုတော့ အများရှေ့မှာပဲ ကျေနပ်အောင် တောင်းပန်သင့်ပါတယ်။
တမာမြေမှာတော့ အိန္ဒိယ ဘက်ကိုဝင်သွားတဲ့ လေဖိအား နည်းရပ်ဝန်းက တွန်းထုတ်လိုက် တဲ့ မုတ်သုန်လေကြောင့် ဒီရက် ပိုင်းမှာမိုးကောင်းနေတယ်လို့ဆို ရမယ်။ရွှေစက်တော်အောက် ဖက်ပိုင်းကမိုးမျှော်တောင်သူတွေ မှာပျော်ရမလားမှတ်တယ်။ မန်း ဆည်ကထုတ်လွှတ် လိုက်တဲ့ရေတွေ ကြောင့်ယာတွေ ရေမြုပ်ကုန်ဆိုပဲ။ အဲဒီကိစ္စအတွက် ဘယ်သူ့ မှာတာဝန်ရှိသလဲ။ ဘယ်လိုတာ ဝန်ယူမလဲဆိုတာကို သိချင်လို့ ရေမြုပ်ခံယာရှင်တစ်ချို့ကိုမေး ကြည့်တော့ နှမ်းပင်တွေကို ရသလောက်ရေထဲကဆွဲနှုတ်နေ ရပါတယ်။ ဆည်ရေတွေလွှတ် လိုက်လို့ ယာတွေရေမြုပ်တာ သုံးရက်ရှိပြီ။ ဘယ်သူမှ လာပြီး တာဝန်ယူတာ မျိုးတော့ မရှိသေး ပါဘူးတဲ့။
ဆည်တွေ ရေပြည့်တဲ့အ တွက် ဒုက္ခရောက် သူတွေလည်း ရောက်နေကြပေမယ့် မြို့ကြီး သားတွေကတော့ပျော်နေကြ လေရဲ့။ ပျော်ကြမှာပေါ့။ အရင်က ထက်လျှပ်စစ်မီးပိုရနေကြတာ ကိုး။ အခုဆိုတမာမြေရဲ့မြို့တော် မကွေးမှာလျှပ်စစ်မီးက ပျက်တောင် ခဏပဲဖြစ်နေပြီလေ။ကိုယ်တွေ ကတော့ မီတာခတွေများတော့ မှာပဲဆိုပြီးတွေးပူ နေမိပါကြောင်း တင်ပြရင်းသည် တစ်ပတ်တမာမြေ နားပါဦးမယ်။ တမာမြေမှာ အဆာပြေနိုင် ကြပါစေ။
နေခြည်(မကွေး)

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks