-->

Tuesday, July 2, 2013

အနုပညာ ပျိုးခင်းက ဆရာ ၆ ယောက်ကို ကျေးဇူးကန်းမည် မဟုတ်ကြောင်း ရွှေမှုံရတီပြော

By Popular News

အနုပညာ ပျိုးခင်းက ဆရာ ၆ ယောက်ကို ကျေးဇူးကန်းမည် မဟုတ်ကြောင်း ရွှေမှုံရတီပြော’ပွေလီမ’ ဆိုတဲ့ ဇာတ်ကားကို ရွှေမှုံရတီက ခန့်စည်သူ နဲ့အတူ ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကား ထဲမှာ ရွှေမှုံရတီက ကာရိုက်တာ သုံးမျိုးနဲ့ သရုပ် ဆောင် ထားပါတယ်။ ဒီဇာတ်ကားကို ရိုက်နေရင်းနဲ့ ကိုယ်တိုင် သဘော ကျရသလို ပရိသတ်တွေလည်း အကြိုက်တွေ့မယ့် ဇာတ်ကား လေးဖြစ်မှာ ပါလို့ ရွှေမှုံရတီက ဆိုပါတယ်။
”ရွှေမှုံက ဒီဇာတ် ကားထဲမှာ ကာရိုက်တာ သုံးခုလောက်ကို ရောပြီး သရုပ်ဆောင် ရတယ်။ တော်တော့် ကိုခေါင်းမူး တယ်။ မိန်းမလျာ ပုံစံရော၊အခြောက်ပုံစံပါ လုပ်ရတယ်။ ဒီဇာတ်က ဒရာမာ ဇာတ်ကားထက် အချိန်ပိုကြာတယ်။ အိုက်တင်လုပ် ရတဲ့ အခါမှာလည်း သူများ တွေတော့ မသိဘူး။ ကိုယ့်ဟာကိုယ်လုပ်ပြီး ကိုယ့်ဟာကိုယ် ပြန်ရယ်နေ ရတယ်။ ပရိသတ်မြင်ရင်လည်း ဒီဇာတ်ကားလေးက ပွဲကျမယ့် ဇာတ်ကားလေးလို့ ရွှေမှုံ ထင်ပါတယ်။ အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ် ဆောင်ထားတယ်” လို့ပြောပါတယ်။ ရွှေမှုံရတီက အခုလိုမျိုး ပရိသတ်တွေ အားပေး လက်ခံကြတာက ဆရာတွေ ရဲ့ကျေးဇူးကြောင့်ဖြစ်သလို ဆရာတွေကို ကျေးဇူးကန်းတဲ့နေ့ က သူ့အနေနဲ့ အနုပညာလောကထဲမှာ မရှိတော့တဲ့ နေ့ပါပဲလို့ပြောပါတယ်။
“ရွှေမှုံ့ ဆရာတွေ အပေါ်မှာ ရွှေမှုံ တအား အလေးထားတယ်။ မိဘနဲ့ ဆရာကို ရွှေမှုံ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားပြီး ကိုးကွယ်တယ်။ ဆရာ ၆ ယောက် အပြင် ရိုက်ကွင်း မှာရှိတဲ့ သူတွေ အားလုံးက ရွှေမှုံကိုသင် ပေးကြတယ်။ သရုပ်ဆောင်တွေ၊ Supporting တွေ၊ ကူပေးကြတဲ့ သူတွေ အားလုံး ကို ရွှေ မှုံကျေးဇူးလည်း တင်တယ်။ ရှိခိုးကန်တော့ပြီးမှ အိပ်တယ်။ အမြဲတမ်းလည်း မေတ္တာပို့ပေးပါတယ်။ ရွှေမှုံ့ ရဲ့ဆရာတွေကို ရွှေမှုံကျေးဇူးကန်း တဲ့နေ့ဟာ ရွှေမှုံဒီလောကထဲမှာ မရှိတော့တဲ့ နေ့လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အောင် မြင်ပြီလို့ သတ်မှတ်တဲ့နေ့ကကျ ရှုံးတဲ့နေ့လို့ ခံယူထားတယ်။
ကိုယ့်ကိုယ်ကိုယ် ကျေးဇူး ကန်းတဲ့ တပည့်တစ်ယောက်လည်း မဖြစ်ချင်ဘူး။ ရွှေမှုံက မိဘ၊ ဆရာတွေကို အလေးအနက် ထားတယ်။ လွယ်လွယ် ကူကူပြောင်းလဲ တတ်တဲ့သူလည်း မဟုတ်ဘူး။ ဆရာတွေရဲ့ကျေးဇူးကြောင့် ရွှေမှုံ အခုလို ပရိသတ်ရဲ့ အချစ်ကို ခံယူရတာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ရှေ့လျှောက်လည်း ဆရာတွေနဲ့ လက်တွဲပြီး အလုပ်တွေ လုပ်သွားမှာပါ” လို့ ပြောပါတယ်။
လွင်လွင်ထွန်း

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks