-->

Monday, July 29, 2013

အများကြီး မတွေးတော့ အရာရာကို ဥပေက္ခာ ပြုနိုင်တယ်ဆိုတဲ့ မိုးဟေကို

အများကြီး မတွေးတော့ အရာရာကို ဥပေက္ခာာ ပြုနိုင်တယ်ဆိုတဲ့ မိုးဟေကိုမိုးရဲ့ ထွက်သမျှ ဇာတ်ကားတွေ ကို ပရိသတ် တွေက အားပေးနေကြ တာကို  တာဝန်ကြီး လာတယ်လို့ ခံ စားရလား ဆိုတော့ အဓိကက ဘာ အလုပ်ပဲ လုပ်လုပ် မိုးပေါ့ပေါ့တန် တန်မလုပ် တတ်ဘူး။ ဟိုအရင်က တည်းက မိုးမှာရှိတဲ့ ကိုယ်စွမ်း ဥာဏ် စွမ်းလေးနဲ့ပဲ ပရိသတ်ချစ်အောင် ကြိုးစားခဲ့တယ်။ အဲဒီအတွက် တာဝန်ကြီးတယ်၊ တာဝန်သေးတယ် ဆိုတာကို ဘေးဖယ်ထားလိုက်ပြီး ပရိသတ်အပေါ်လေးစားတဲ့ စိတ်ပဲ ရှိတယ်။ အခုရော နောင်ရော ပရိ သတ်တွေအပေါ် လေးစားသွားမှာ ပါ။
မိုးရဲ့ သရုပ်ဆောင် မှုတွေကို ကိုယ်တိုင် ပြန်သုံးသပ်ပြီး ကြည့်ရင် လိုအပ်ချက်လေးတွေလည်း ရှိပါတယ်။ အဲဒီလို လိုအပ်ချက်တွေကို နားလည်ပြီး ကြည့်ပေးတဲ့ ပရိသတ် တွေက မိုးအတွက် အရမ်းတန်ဖိုးရှိ ပါတယ်။ တစ်ခါတလေ တိုက်ခိုက် မှုတွေ၊ အခက်အခဲတွေရှိတတ်ပေ မယ့် အရမ်းစိတ်ဓာတ်ကျ လွယ်တဲ့ အထဲမှာ မိုးမပါဘူး။ တစ်ခုခုဖြစ် လာခဲ့ရင်လည်း အကောင်းဘက်က နေလှည့်တွေးတတ်တယ်။ ဘယ်အ ရာမဆိုဖြစ် ချိန်တန်လို့ ဖြစ်တာ၊ ပြီး ရင်တော့ ဒီ့ထက်ကောင်းတဲ့ အရာ တွေလာမှာဆိုပြီး ခံစားတတ်တယ်။ အဲဒီအခါ စိတ်ဖိစီးမှုတွေလည်း လျော့သွားတယ်။ အခက်အခဲက တော့ ရှိတာပဲ။ ဘာအလုပ်ပဲလုပ် လုပ်ပေါ့။
ဒါပေမဲ့ ကိုယ်က အများ ကြီးမတွေးတော့ အရာရာကို ဥပေက္ခာပြုနိုင်လာတယ်။ မိုးက တော့ ဒီနေ့ ဘာလုပ်ရမလဲ၊ နောက် နေ့ဘာလုပ်ရမလဲ ဆိုပြီး အလုပ်နဲ့ ပတ်သက်တာတွေပဲ ခေါင်းထဲရှိ တယ်။ မိုးကအောင်မြင် တယ်ဆို တာထက် မိုးလုပ်ချင်တာလေးတွေ လုပ်ခွင့်ရနေတဲ့အပေါ် ကျေနပ်ပါ တယ်။ ရှေ့ဆက်ပြီးတော့ ပရိသတ် တွေအတွက် မိုးအမြဲကြိုးစားသွား မှာပါ။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks