-
By 8 Days

ကျွန်တော့်ကို
မမေးစေချင်တဲ့ အကြောင်းအရာ မေးတာက ဖြစ်တတ်ပါတယ်။ တော်တော်များ များက
ဖြစ်ပြီးသားကို ဘယ်သူမှ ပြန်မပြော ချင်တော့ဘူး။ ကျွန်တော်တို့ ရှေ့ဆက်ရမယ့်
အလုပ်တွေ အကြောင်းပဲ အင်တာ ဗျူးစေချင်ပါတယ်။ ဇာတ်ကားက တော့ မျှအောင်တော့
ရိုက်ရပါ တယ်။ ကျွန်တော် ရိုက်တဲ့ ကုမ္ပဏီ တွေကိုက ဥပမာ ၁၀ ကားမှာဆို ရင်
ဟာသဘယ်နှစ်ကား၊ ဒရာမာ နှစ်ကား၊ Romance ဆိုရင် ဘယ် နှစ်ကား အဲဒီလို
အလှည့်ကျလေး ရိုက်နေပါတယ်။ အစ်ကို့အနေနှဲ့Sexy Creation ဆိုတဲ့ အပေါ်မှာ
ဘယ်လိုမြင်လဲ ဆိုတော့ ကျွန်တော် က Sexy ဖြစ်တာမျိုး ရိုက်ခဲပါ တယ်။
အဲဒီလိုမျိုး Sexy ဟာတွေ ဆို သိပ်လည်း မရိုက်ဘူး။ Sexy ဆို တာ
လူတိုင်းကြည့်လို့မှ မရတာ။ အဲ ဒါကြောင့် သိပ်မရိုက် ဖြစ်ဘူး။ ဘယ် အလုပ်မဆို
တာဝန်ယူမှု တစ်ခုတော့ အမြဲထားပါတယ်ဆိုတဲ့ စကားက အမှန်တရားပဲလေ။ ဒါက လက်ကို
ခံရမယ်။ ကိုယ်လုပ် ထားတဲ့ ဘယ် အလုပ်မဆို တာဝန်ယူပြီးတော့ လုပ် ရမှာပဲ။
ကျွန်တော်တို့ အကုန်လုံးရဲ့ အားကစားစိတ်ဓာတ်ကတော့ ကျွန် တော်ပြောသလို
ကိုယ်လုပ်တဲ့ အလုပ်လေးကို အကောင်းဆုံးဖြစ် စေချင်တယ်။ အဲဒီအတွက် ဘော လုံးပဲ
ကန်ကန်၊ ဘာပဲလုပ်လုပ် အ ကောင်းဆုံးဖြစ်အောင် လုပ်ကြ တယ်။ ကျွန်တော်က
ဘောလုံးက စားရတာ အရမ်းဝါသနာပါတယ်။ ဒါပေမဲ့ ဘောလုံးကန်တာ profesional
တစ်ယောက်အနေနဲ့ အ ကျိုးအမြတ်တစ်ခုအတွက် ကန်တာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့
ကျန်း မာရေးကြောင့်၊ နောက် ပရဟိတ ပွဲလေးတွေ ရှိတယ်။ အဲဒီပွဲလေး တွေကြောင့်
ကျွန်တော်တို့ ဘောလုံး ကန်တာပါ။
0 comments:
Post a Comment