Cloud
လို့ပြောလိုက်ရင် ကျနော်လည်း ခုထိ တိမ်တွေကို ပြေးမြင်တုန်း ပဲ။ နောက်မှာ
Storage တို့၊ Computing တို့ တွဲဆပ်မှ သူ့ဆိုလိုရင်းကို မနည်းနားလည်အောင်
ကြိုးစားယူခဲ့ရပါတယ်။Cloud ဆိုတိုင်း မိုးပေါ်မှာ သိမ်းထားတာ မဟုတ်ပါဘူး။ ကမ္ဘာ့အပြင်မှာလည်း သိမ်းမထားပါဘူး။ ဆာဗာတစ်ခုမှာ သိမ်းထားပါတယ်။ ယင်း ဆာဗာမှာ User တစ်ဦးတစ်ယောက်ချင်းစီအတွက် အကောင့်တွေ လုပ်ပေးထားပြီး သိမ်းဆည်းဖို့ ဘယ်လောက်ပမာဏပေးမယ်။ ဘယ်လောက်အထိ သုံးလို့ရမယ် အစရှိသဖြင့်ပေါ့။ ကမ္ဘာမှာ တော်တော်လေးတွင်ကျယ်နေတာ အတော်ကြာပါပြီ။ အင်တာနက်လိုင်း ကောင်းတာကြောင့်ပေါ့။
ဒီတော့ ဘယ်သူမှ သွားလေရာ ကွန်ပြူတာသယ်မနေတော့ဘူး။ Hard Disk ကြီးတွေ သယ်မနေတော့ဘူ။ ရောက်တဲ့အရပ်မှာ အင်တာနက်ချိတ်ပြီး မိမိ Cloud Storage အကောင့်ကို ဖွင့်ပြီး ဝင်ရုံပါပဲ။ ရိုးရိုး အီးမေလ်တွေနဲ့ မတူပါဘူး။ သူသိမ်းဆည်းပေးတဲ့ Format ကစုံပြီး Memory လည်း များများ ရပါတယ်။ ဒါက User ရဲ့  acquire တဲ့အပေါ်လည်း မူတည်ပါ တယ်။ မြန်မာပြည်မှာ အခမဲ့ ရတဲ့ ပမာဏကိုပဲ အဆင်ပြေအောင် သုံးကြ ပေမယ့် နိုင်ငံတကာမှ မရောင့်ရဲကြဘူး။ သူ့ထက်ငါအပြိုင် Memory တွေမြင့်ပြီး အချက်အလက်တွေ သိမ်းကြတယ်။ ဗီဒိယို၊ ဓာတ်ပုံ၊ Presentation နဲ့ အခြားအခြားသော format အတော်များများလည်း ရပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ Memory နည်းတဲ့ ဖုန်း၊ ကွန်ပြူတာ၊ သွားလေရာ အဆင်ပြေ Tablet တွေ ရောင်းအားကောင်းတာပါ။ သူတို့အနေနဲ့ Data တွေကို Access လုပ်ဖို့အတွက် အင်တာနက်ပဲလိုတာပါ။ ဘယ်ပစ္စည်းမှ အလေးခံသယ်နေစရာမလိုတော့ပါဘူး။ ဒါကြောင့်လည်း Cloud Storage ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေလည်း အောင်မြင်တာပါ။
အရေးကြီးဆုံးအချက်ကတော့ အကောင့်လုံခြုံမှုစနစ်ပေါ့။ ဒီအတွက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပပဏီက သူ့အချက်အလက် Server ကွန်ပြူတာ ပစ္စည်းများကို သေချာ စီမံသိမ်းဆည်းရပါတယ်။ Stand by ထားတယ်။ Back up အမြဲလုပ်တယ်။ ၂၄ နာရီ လည်ပတ်နေအောင် ကြိုးစားတယ်။ အစရှိသဖြင်ပေါ့။
မြန်မာပြည်မှာလည်း အင်တာနက်လိုင်း မြန်လာတဲ့တစ်နေ့ Cloud Storage တွေ ခေတ်စားမှာပါ။ သူက အင်တာနက်လိုင်း အပေါ် ဖြတ်သန်းစီးဆင်းပြီး အလုပ်လုပ်ရတဲ့ Service မို့လို့ပါ။ ခုလည်း သုံးတဲ့သူတွေ သုံးနေကြပါတယ်။ Drobox ကတော့ လူသုံးအများဆုံးပေါ့။ iCloud, Google Drive, sky drive တို့လည်း သုံးကြပါတယ်။ Cloud Storage ဆိုတာ Cloud Computing မှ အစိတ်အပိုင်း တစ်ခုသာသာပါ။ နောက်မှ Cloud Computing အကြောင်း ရေးသား မျှဝေပါ့မယ်။
.
အောင်ခမ်း (ရိုးရာလေး)
.








0 comments:
Post a Comment