-->

Tuesday, July 2, 2013

တစ်ကိုယ်တော် ခွေမှာ ကိုယ်ပိုင် သံစဉ်တွေပဲ ဆိုဖို့စီစဉ်ထားတဲ့ Jenny

By 8 Days

တစ်ကိုယ်တော် ခွေမှာ ကိုယ်ပိုင် သံစဉ်တွေပဲ ဆိုဖို့စီစဉ်ထားတဲ့ Jenny Jenny အခုနောက်ပိုင်း ရှိုးတွေ ပဲဆိုဖြစ်နေတာ များတယ်။ ပြီးတော့ တစ်ကိုယ်တော် single ခွေ လုပ်နေ ပါတယ်။ အခုသီချင်းတွေ အများ ကြီးရွေးထားတယ်။ နောက်ဆုံး Final ရွေးဖို့ပဲ ကျန်ပါတော့တယ်။ ဆိုနေကျပုံစံလေးတွေလည်း ပါသလိဲုJenny မထိတွေ့ဘူး သေးတဲ့ပုံစံ တွေလည်းပါမှာပါ။ အားလုံးကို own tune တွေချည်းပဲ လုပ်ဖို့ စီစဉ် ထားပါတယ်။
ပရိသတ်တွေ Jenny ကို သိပ်မတွေ့ရဘူးဆိုပေမယ့် နေ့ တိုင်းအားတယ်ကို မရှိဘူး။ ပုံမှန် အလုပ်လုပ် နေပါတယ်။ ပြောရရင် media ပိုင်းနဲ့ ပတ်သက်ပြီး Jenny အားနည်း နေတယ်။ ပွဲတွေ ဆိုလည်း တက်ခဲတယ်။ နောက်တစ်ခုက နယ် ရှိုးတွေဆိုဖြစ်တာများ နေလို့ပါ။ ပြီးခဲ့တဲ့နှစ်တစ် နှစ်လုံးက နိုင်ငံခြား ဖျော်ဖြေပွဲ သွားနေတော့ ဒီမှာသီချင်း မဆိုဖြစ်ဘူး။
အခုက မိုးရာသီဆို တော့ ပြန်တွေ့မှာပါ။ အရင်က ပွင့်လင်းရာသီ ဆိုတော့ တောက် လျှောက်ကို ထွက်ဖြစ် နေခဲ့တာပါ။ Jenny က လူငယ် တစ်ယောက် ဆို ပေမယ့်အတိုအပြတ်တွေ ဝတ်မှခေတ် ဆန်တယ်လို့ မထင်ဘူး။ အဓိက ကကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ် အစားတွေကို ရွေးချယ်ပြီး ဝတ်တတ် ဖို့ပဲလိုတယ်။
'ဝ'တဲ့သူကလည်း 'ဝ'တဲ့ အလျောက်၊ ပိန်တဲ့ သူကလည်း ပိန် တဲ့အလျောက် လိုက်ဖက်အောင် ဝတ်တတ် မယ်ဆိုရင် ဖက်ရှင်ပါပဲ။ အဲဒါကြောင့် အတို၊အပြတ်တွေဆို Jenny ဝတ်ခဲတယ်။ မြန်မာ အကကို တော့ ငယ်ငယ်လေး ကတည်းက ဝါသနာပါပြီး တန်ဖိုးထား ဂုဏ်ယူခဲ့ တာ။ ကိုယ်က မြန်မာအကကို တန်ဖိုးထား မြတ်နိုးတယ် ဆိုပေမယ့် ကိုယ့်သီချင်း အတွက် လိုအပ်တဲ့ Performance မျိုးဆိုရင်တော့ မြူး ကြွသွက်လက်တဲ့ dance တွေလည်း Jenny ကမှာပါ။
ပရိသတ်ကြီးကို ပြောချင်တာ တစ်ခုက ဒီ ၂၀၁၃ခုနှစ် မကုန်ခင်မှာ Jenny ရဲ့ တစ်ကိုယ် တော်ခွေထွက် မှာပါ။ ပြီးတောဲ့Jenny ပျောက်နေတာ မဟုတ်ပါ ဘူး။ နယ်ခရီး ထွက်ဖြစ်တာ များနေ လို့ Media တွေနဲ့ ထိတွေ့မှုအား နည်းလို့ ပရိသတ်တွေနဲ့ နည်းနည်း အလှမ်းဝေး နေတာပါ။ဲနညညပ ကို ငယ်ငယ်လေး ကတည်းကနေ အား ပေးလာ ခဲ့ကြတဲ့ ပရိသတ်ကြီးကို လည်း ကျေးဇူးအရမ်း တင်ပါတယ်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks