-->

Tuesday, July 2, 2013

ညစ်ပတ်လာရင် ရေစိမ်ဆေးလို့ရမယ့် ကီဘုတ်တစ်မျိုး Logitech မှထုတ်လုပ်

keyboardဆွစ်ဇာလန်အခြေဆိုက် ကွန်ပျူတာ အပိုပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ Logitech မှ ရေစိမ်ဆေးလို့ ရမယ့် ကီးဘုတ် ထုတ်လုပ်လိုက်ပါပြီ။
ကီဘုတ်နောက်ကျောဘက်မှာလည်း ရေတွေ ပြန်စစ်ထုတ်ဖို့အတွက် အပေါက်ပါနေပါသေးတယ်။ ကီးတွေကို လေဆာ Printed လုပ်ထားပြီး နေပူဆာလှမ်းတဲ့အခါ chipများ ပျက်ဆီးမသွားအောင် UV Protect layer လည်း ပါဝင်ပါသေးတယ်။ အလွယ်တကူ အသုံးပြုလို့ရမယ့် Short cut ( Hot Key) ၁၂ မျိုးပါရှိပါတယ်။ ဥပမာ- အင်တာနက်၊ အီးမေးလ်၊ Play, အသံနိမ့်မြင့် အစရှိသဖြင့်။ Window XP, Window Vista, Window 7 တို့နဲ့ Compact ဖြစ်တဲ့ Keyboard ဖြစ်ပြီး ဈေးနှုန်းကတော့ ဗြိတိန်ပေါင် ၃၄.၉၉ တန်ဖိုးရှိပါတယ်။ လာမယ့် အောက်တိုဘာမှ ဥရောပ အနှံ့ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒါကြောင့် K310 ဟာ ကွန်ပျူတာရှေ့ထိုင်ပြီး အအေးသောက် သူများ၊ ခေါက်ဆွဲစားသူများအတွက် အထူးသင့်တော်မယ့် ကီးဘုတ်လေး ဖြစ်ပါတယ်။
----
Ref:www.logitech.com

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks