-->

Tuesday, July 30, 2013

PSY စက်တင်ဘာတွင် အယ်လ်ဘမ်အသစ် ထွက်မည်

PSY စက်တင်ဘာတွင် အယ်လ်ဘမ်အသစ် ထွက်မည်Gangnam Style သီချင်းနဲ့ ကမ္ဘာတစ်လွှား ကျော်ကြားခဲ့တဲ့ ကိုရီးယား ရက်ပ်တေးသံရှင်  PSY ဟာ စက်တင်ဘာလမှာ အယ်လ်ဘမ်အသစ် ထွက်မယ်လို့ ကြေညာလိုက်ကြောင်း kpopstarz.com မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ PSY ဟာ အယ်လ်ဘမ်အသစ်အတွက် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ပြင်ဆင်မှုတွေ ပြုလုပ်နေ တယ်လို့ သိရပါတယ်။ PSY ဟာ ယခင်ထွက်ရှိခဲ့တဲ့ Gangnam Style နဲ့ Gentleman အယ်လ်ဘမ်တို့ကို သီချင်းတစ်ပုဒ်တည်းသာ ပါဝင်တဲ့ အယ်လ်ဘမ်အဖြစ် ဖြန့်ချိခဲ့ပေမယ့် အခုစက်တင်ဘာလမှာ ထွက်မယ့် အယ်လ်ဘမ် အသစ်မှာတော့ သီချင်းအများအပြား ပါဝင်နိုင်အောင် စီစဉ်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ အသက် ၃၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ PSY ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ဂီတလောကထဲကို စတင်ခြေချခဲ့တာ ဖြစ်ပေမယ့် အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ဘဲ သူ့ရဲ့ပထမဆုံး အယ်လ်ဘမ်ဟာလည်း အများပြည်သူ ကြည့်ရှုရန် မသင့်လျော်တဲ့ ပြကွက်တွေနဲ့ သီဆိုပုံတွေ ပါဝင်နေ တယ်ဆိုပြီး တောင်ကိုရီးယားအစိုးရရဲ့ ဒဏ်ရိုက်ခြင်းကို ခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လမှာ Gangnam Style သီချင်းကို Youtube ကနေတစ်ဆင့် ဖြန့်ချိလိုက်တဲ့အခါကျမှ ကမ္ဘာကျော်သွားခဲ့ပြီး နိုင်ငံတကာက ဆုတံဆိပ်တွေ ဝိုင်းဝန်းချီးမြှင့်ရတဲ့အထိ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ PSY ကို အင်တာဗျူးတစ်ခုမှာ သူ့ရဲ့လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်ကို မေးမြန်းတဲ့ အခါမှာတော့“ကျွန်တော့်အတွက်တော့ အခုအချိန်မှာ နေ့တိုင်းဟာ အိပ်မက်ထဲမှာ နေထိုင်နေရသလိုပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks