-->

Sunday, August 11, 2013

ညောင်စေ့လောက် လှူရင် ညောင်ပင်ကြီးလောက် ရတယ် စကားကို သဘောကျတဲ့ ရွှေမှုန်ရတီ

ညောင်စေ့လောက် လှူရင် ညောင်ပင်ကြီးလောက် ရတယ် စကားကို သဘောကျတဲ့ ရွှေမှုန်ရတီအနုပညာ ပျိုးခင်း အစီအစဉ်တွင် ရွေးချယ် ခံခဲ့ရပြီး အနုပညာ လောကတွင် နာမည်ကြီး မင်းသားမျာနှင့် တွဲဖက် သရုပ်ဆောင်၍ လျှောက်လှမ်း လာခဲ့သူ သရုပ်ဆောင် ရွှေမှုန် ရတီက " ညောင်စေ့ လောက်လှူရင် ညောင်ပင်ကြီး လောက် ရတတ်တယ် ဆိုတဲ့စကားလေးကို သဘော အရမ်းကျတယ်" ဟု ပြောသည်။
 "ရွှေမှုန်က ပရဟိတ လုပ်နေရတာကို ကြိုက်တယ်၊ လုပ်လည်း လုပ်တယ်၊ ဘုရား၊ စေတီတွေမှာ ပိုလုပ်ဖြစ် တယ်၊ ပရဟိတ ဆိုတာက နည်းတာ များတာက အဓိက မဟုတ်ဘူး။ စိတ်ထဲမှာပါမှ လှူတာကပိုပြီး အဓိကကျ တယ်၊ စိတ်ထဲက သန့်စင်ပြီး ထက်သန်မယ်ဆိုရင် ညောင်စေ့လောက် လှူရင်တောင် ညောင်ပင်ကြီး လောက်ရတတ်တယ် ဆိုတဲ့ စကားရှိတယ်၊ ရွှေမှုန် ကတော့ အဲ့ဒီစကားလေးကို အရမ်းသဘောကျ တယ်"ဟု၎င်းက ပြောသည်။
သရုပ်ဆောင် ရွှေမှုန်ရတီ အနေဖြင့် အလှူ အတန်း ပြုလုပ်ရာတွင် စိတ်အား ထက်သန်လျှင် အလှူပြုလေ့ ရှိကြောင်း၊ အလှူပြုရာတွင် စိတ်ဓာတ် ကသာ အဓိက အရေးကြီးဆုံးဟု ခံယူထားကြောင်း ယခုလတ်တလောတွင် ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးသော " ငှက်ကလေးရဲ့ မီးအိမ်ရှင်" ဇာတ် ကားတွင် သရုပ်ဆောင် မြင့်မြတ်နှင့် တွဲဖက်၍ ရိုးရှင်း၊ သိမ်မွေ့ မြန်မာဆန်သော မိန်းကလေး တစ်ယောက် အဖြစ် သရုပ်ဆောင် လျက်ရှိ ကြောင်း ရွှေမှုန်ရတီက ထပ်မံ ပြောပြသည်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks