-->

Tuesday, July 2, 2013

ရန်ကုန်တက္ကသိုလ် Student Service Center (SSC) ဖွင့်လှစ်ပွဲနှင့် ကျောင်းသားကိုယ်စာလှယ် ဆွေးနွေးပွဲကျင်းပ

yusscရန်ကုန်တက္ကသိုလ်၌ နိင်ငံတကာ အဆင့်မှီ Student Service Center(SSC) ကိုဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ရခြင်း အကြောင်းနှင့် စပ်လျဉ်းပြီး ကျောင်းသားကိုယ်စာလှယ်များ ဆွေးနွေးပွဲကို ယနေ့ ဇူလိုင်လ ၁ရက် ၂၀၁၃ ခုနှစ် ဝိဇ္ဇာခန်းမ ၌ နေ့လည် ၁ နာရီ တွင် ကျင်းပခဲ့ပါသည်။
သတင်းအစုံအလင်မှာ - ရန်ကုန်တက္ကသိုလ်၌ နိုင်တကာတက္ကသိုလ် အဆင့်မှီ တက္ကသိုလ်များကဲ့သို့ ကျောင်းသားများ စုဝေး၍ အသိပညာ အတတ်ပညာများ ဆွေးနွေးရန်နှင့် လက်တွေ စမ်းသပ်မှုများ ပြုလုပ်ရန် ၊ အကြံပြုချက်များကို ပွင့်လင်းစွာဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် Student Service Center (SSC) အား ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနား၌ ဖွင့်လှစ်ခြင်းရည်ရွယ်ချက်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ အဆင့်ဆင့်ကို ရူပဗေဒ လက်ထောက်ကထိက ဒေါက်တာ ဒေါ်အေးအေးသန်းမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ကျောင်းသားများ၏ အကြံပြုချက်များကိုလည်း လက်တွေ အကောင်အထည်ဖော် ဆာင်ရွက်နေပုံများကိုလည်း ပြောကြားခဲ့ပါသည်။
ထို့အပြင် အနုပညာခန်းကိုလည်း ဖွင့်လှစ်ပြီး သီချင်းဆို သင်တန်း၊ အက သင်တန်းများကို ကျောင်းနေပျော်၌ စာတော်သော ကျောင်းသားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ပါသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ထား ကျောင်းသားကျောင်းသူများအတွက် အဆင့်မြင့် သင်တန်း ပုံအဆင့်ဆင့်ကို လည်း ပြောကြားရှင်းလင်းခဲ့ပါသည်။ ထို့နောက် ဖွင့်လှစ်ထားပြီးဖြစ်သော ဘွဲ့လွန် သင်တန်းများ၊ မဟာ သုတေသန သင်တန်းများ၊ ပါရဂူသင်တန်း များနှင့် အခြားသော သင်တန်း များအကြောင်းကိုလည်း အသေးစိတ် ရှင်းပြခဲ့ပါသည်။ ထိုနောက် ကျောင်းသားကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
မေး (၁) ။ ။ မဟာသုတေသန ရူပဗေဒ ကျောင်းသားတဦးမှ အဆင့်မြင့်သင်တန်းများ ဖွင့်ထားခြင်းရည်ရွယ်ချက်နှင့် ကျောင်းပြီး သောအခါ ကျောင်းသားများအတွက် ရရှိမည့် ဘွဲနှင့် အလုပ်အကိုင်အခွင့် နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ပါသည်။
ဖြေ။ ။ ရန်ကုန်တက္ကသိုလ်အနေဖြင့် နိုင်ငံခြားတက္ကသိုလ်နှင့် Student Exchange လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားကြောင်းနှင့် စာသင်နှစ်များတွင်လည်း မိမိကိုယ်တိုင် လုပ်ငန်းခွင် အတွက် အဆင့်သင့်ဖြစ်အောင် ပြင်ဆင်သင့်ကြောင်း ဖြေကြားခဲ့ပါသည်။
မေး (၂) ။ ။ စာကြည့်တိုက်ပညာ သင်ကြားနေသော ကျောင်းသား တစ်ဦးမှလည်း ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာကြည့်တိုက် နှင့် ကင်းကွာနေကြောင့် စာပေဗဟုသုတ လေ့လာမှု နည်းနေကြောင်းကိုလည်း အကြံပြုဆွေးနွေးခဲ့ပါသည်။
မေး (၃) ။ ။ ဒဿနိက ဗေဒ ပါရဂူတန်း တက်နေသော ကျောင်းသားတစ်ဦးမှလည်း ကျောင်းသားများအနေဖြင့် ဆွေးနွေးတိုင်ပင်မည့် နေရာ၊ အုပ်ချုပ်သူများအနေဖြင့် လည်း ပြန်လည် ဖြေကြားနိုင်မည့် နေရာ၊ Platform တစ်ခု ရှိသင်ကြောင်း၊ ကျောင်းသားရေးရာ ၌ LAN စနစ်ဖြင့် တည်ဆောက်ထားသော Database တစ်ခုရှိသင့်ကြောင်း၊ ဘွဲ့ရကျောင်းသူကျောင်းသားများ ၏ အလုပ်အကိုင်အခွင့်အလမ်း များနှင့် ပတ်သက်ပြီး ဆွေးနွေး တင်ပြခဲ့ပါသည်။
ဖြေ ။ ။ Student Service Center (SSC) ၏ ရည်ရွယ်ချက်တစ်ခု အနေဖြင့် ကျောင်းသားနှင့် အုပ်ချုပ်သူများအကြား ညှိနိုင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ကျောင်းသားရေးရာ အတွက် Network System & Database Systemများကိုလည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ အရည်အသွေး ပြည့်မှီသော ကျောင်းသားအတွက်လည်း Samsung, Microsoft, Nokia အစရှိသော ကုပ္မဏီများနှင့် ဆက်သွယ်ထားကြောင်း တာဝန်ရှိသူတစ်ဦးမှ ဖြေကြားခဲ့ပါသည်။
မေး (၄) ။ ။ ကျောင်းအပ်သည့် နေရာတွင် အဆင်မပြေမှုများကို ကျောင်းသားတစ်ဦးမှ ဆွေးနွေးခဲ့ပါသည်။ ကျောင်းသားရေးရာ ၌ ကျောင်းသားကဒ် လုပ်ဖိုရာ မိမိ၌ ပါလာသော ဓါတ်ပုံကို လက်မခံဘဲ ပိုက်ဆံ ၅၀၀ ကျပ်ဖြင့် ဓါတ်ပုံ ရိုက်ရကြောင်း၊ ဓါတ်ခွဲ ခန်း သုံးစရာမလိုသော ကျောင်းသားများအား ကျောင်းအပ်နှင်းရာ၌ ဓါတ်ခွဲခန်းကြေးဆောင်ရခြင်း အစရှိသော အဆင်မပြေမှုများ ကို အကြံပေး ဆွေးနွေးခဲ့ပါသည်။
ဖြေ ။ ။ Student Service Center (SSC) မှ တာဝန်ရှိသူတစ်ဦးကလည်း အမြန်ဆုံး ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဖြေကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks