-->

Tuesday, July 2, 2013

အမိုးအကာ မပါသော ဘတ်စ်ကား ၁၂ စီး အရေးယူ

အမိုးအကာ မပါသော ဘတ်စ်ကား ၁၂ စီး အရေးယူမိုးကာလတွင် မိုးဒဏ် လုံခြုံမှု မရှိသည့် အမိုးအကာ မပါသော ခရီးသည်တင် ဘတ်စ်ကား များကို ရန်ကုန်မြို့တွင် မေလနှင့် ဇွန်လ အတွင်း စစ်ဆေးခဲ့ပြီး ဘတ်စ်ကား ၁၂ စီးကို အရေးယူ ခဲ့ကြောင်း မထသ(ဗဟို) တွဲဖက် အတွင်းရေးမှူး ဦးမောင်မြို့က ပြောကြားသည်။ မိုးယိုသော၊ ဘေးကာ မှန်များ ကွဲသော ယာဉ်များကို လမ်းကြောင်း ရှစ်ကြောင်းဖြင့် ဖမ်းဆီး အရေးယူ လျက်ရှိရာ တွေ့ရှိပါက ယာဉ်ပိုင်ရှင်ကို ဒဏ်ငွေ ငါးသောင်းကျပ် ဒဏ်ရိုက်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ "မီနီဘတ်စ်တွေ ဆိုရင် မိုးရွာရင် ထိုင်စီးလို့ မရတော့ဘူး၊ ကားအလယ်မှာ စုရပ်ရတဲ့ အတွက် ကားက ပိုကျပ် လာတယ် မိုးမလုံတဲ့ လိုင်းကားတွေလည်း လဲပေးသင့်တယ်။ မိုးရွာရင် အဆင်မပြေဘူး" ဟု သာကေတမြို့နယ် (၃)ဈေး မှတ်တိုင်မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် လာရောက် အလုပ် လုပ်ကိုင်နေသည့် ကွန်ပျူတာ အရောင်းဝန်ထမ်း အမျိုးသမီး တစ်ဦးက ဆိုသည်။ အဆိုပါယာဉ်များကို မေလတွင် ခုနစ်စီး၊ ဇွန်လတွင် ငါးစီး စုစုပေါင်း ၁၂စီး အရေးယူထားကြောင်း မ.ထ.သ (ဗဟို)၏ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။ ရန်ကုန်မြို့တွင် ခရီးသည်တင် ဘတ်စ်ကား ၅,၈၀၀ကျော်နှင့် တက္ကစီ စီးရေ ၂၆,၀၀၀ ကျော်ရှိကြောင်း မ.ထ.သ (ဗဟို) ထံမှ စုံစမ်း သိရှိရသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks