-->

Tuesday, August 13, 2013

ဂျာမနီ Audi ကထုတ်သော လျှပ်စစ် ပြိုင်စက်ဘီး

ebike၂၀၁၂ ခုနှစ်၊ နှစ်လယ်လောက်က Audi ကားကုမ္မဏီမှ  ထုတ်ဖော်ပြသလိုက် တဲ့ စက်ဘီး ဖြစ်ပါတယ်။
စက်ဘီးလို့တောင် ထင်ရက်စရာ မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်က ဆိုင်ကယ် တစ်စီး နီးပါးပဲ ဖြစ်ပါတယ်။ ၂၆ လက်မ အဆင့်မြင့် CFRP ဘီးကို အသုံးပြုပြီး  530Wh Lithium-Ion ဘက်ထရီလည်း တပ်ဆင်ပေးထား ပါ သေးတယ်။ Speed ၉ချက် ထိုးလို့ရတဲ့ အဆင့်မြင့် ပြိုင်စက်ဘီးပဲ ဖြစ်ပါတယ်။
လျှပ်စစ်မော်တာနဲ့ မောင်းမယ်ဆိုရင် ၂ နာရီ၃ အထိ တာရှည်ခံပါ တယ်။ ခြေနင်းမောင်းနှင်ဖို့အတွက်လည်း ဂီယာဘီး ဖြစ်တဲ့အတွက် သာမန် ဘီးတွေထက် မြန်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း ထူးခြားလှပပါတယ်။ လက်ရှိ ကားကုမ္မဏီအားလုံးနီးပါး စက်ဘီးထုတ်ဖို့ကြိုးစားနေချိန်မှာ Audi လည်း နောက်ကျမကျန်အောင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ စက်ဘီး ပြိုင်ပွဲတွေမှာပါ မောင်းနှင်လို့ရတဲ့ ဘီးအမျိုးအစား ဖြစ်ပါတယ်။
Auid e-bike လို့အမည်ပေးထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို အောက်ပါ လခ့်က ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။
--
http://youtu.be/edmH0Zx57JY

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks