-->

Tuesday, August 13, 2013

ဂတ်စတာဗိုကို အာဆင်နယ် ခေါ်နိုင်တော့မယ်

By ရိုးရာလေး

ယူရို သန်း ၂၀ဖြင့် ဂတ်စတာဗိုကို အာဆင်နယ် ခေါ်နိုင်တော့မည်အပြောင်းအရွှေ့ကာလမှာ ဆာနိုဂိုကလွဲပြီး ကစားသမားသစ် မခေါ်နိုင်သေးတဲ့ အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ
ဂတ်စတာဗိုကို ခေါ်ယူနိုင်ဖို့ သေချာသလောက် ရှိနေပါပြီ။ ဂတ်စတာဗိုအတွက် ယူရို သန်း ၂၀ ပေးချေမယ့် အာဆင်နယ်နဲ့ ဘိုင်ယန်တို့ဟာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီလို့ Goal.com က ဖော်ပြထားပါတယ်။
အသက် ၂၆နှစ် အရွယ်ရှိတဲ့ ဂတ်စတာဗိုဟာ မနှစ်တုန်းက ရှဝိန်းစတိုင်ဂါ၊ မာတီနက်ဇ်တို့ရဲ့နောက် ဒုတိယ ဦးစားပေး ကစားသမားအဖြစ် ပွဲစဉ်အနည်းငယ်သာ ပါဝင်ခွင့်ရခဲ့ပြီး အခုရာသီမှာတော့ အယ်လ်ကန်တာယာ ရောက်လာတာကြောင့် အသင်းပြောင်းချင်နေသူပါ။ ဒါ့အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားချင်နေတဲ့ ဂတ်စတာဗိုဟာ အာဆင်နယ်ကို အစဉ်အလာရှိတဲ့ အသင်းတစ်သင်းလို့ ချီးကျူးခဲ့ပါသေးတယ်။
ဘိုင်ယန်ကလည်း သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ ဖွင့်ဟထားပြီး ကစားသမား ကိုယ်တိုင်ကတော့ သူ့ရဲ့ ဘရာဇီး လက်ရွေးစင် အနာဂတ် သေချာစေဖို့ အသင်းပြောင်းချင်နေတာပါ။ ဒီအပြောင်းအရွှေ့ အပြီးသတ် ဖြစ်လာမယ်ဆိုရင်တော့ ဂတ်စတာဗိုဟာ အာဆင်နယ်အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရတဲ့ ကစားသမားဖြစ်လာမှာပါ။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks