-->

Sunday, August 11, 2013

နယ်ကလူတွေ ဗီဒီယိုဆယ် ကားကြည့်တောင် ရန်ကုန်က လူတွေက တစ်ကားကြည့်ချင်မှ ကြည့်တာ ပွင့်နဒီမောင်

နယ်ကလူတွေ ဗီဒီယိုဆယ် ကားကြည့်တောင် ရန်ကုန်က လူတွေက တစ်ကားကြည့်ချင်မှ ကြည့်တာ ပွင့်နဒီမောင်အနုပညာ လှုပ်ရှားမှု နည်းပါး တယ်ဆိုတာက ပိုးအိတစ်ယောက် တည်းမဟုတ်ပါဘူး။ အကုန်လုံး ပါပဲ။ အရင်တုန်းက ကားပေါင်းမြောက် များစွာ ရိုက်နေတဲ့ သူတွေတောင် အခုတစ်လမှာ သုံးကားပဲ ရိုက်ရတော့ တယ်လေ။ Quality ကိုထိန်းလိုက် တာဖြစ်တာကြောင့် အရင်လို ဗုံး ပေါလအော မဖြစ်တော့ ဘူးလို့ ပိုးအိ ထင်ပါတယ်။ လတ်တလောသာ အနုပညာရှင်တွေ အတွက် နည်း နည်း ကျပ်သွားနိုင်ပေမယ့် ရေရှည် တော့ကောင်း ပါတယ်။ နယ်ကား တွေ ရန်ကုန်ကားတွေ ဆိုတာ သတ် မှတ်ချက် တစ်ခုပါပဲ။ ရန်ကုန်မှာပဲ ဖြန့်တဲ့ကားတွေ ဆိုတာလည်း မရှိပါ ဘူး။ နယ်မှာလည်းဖြန့်တာပါပဲ။ ရန် ကုန်က လူတွေက သွားစရာအများ ကြီးရှိတယ်။ စားသောက်ဆိုင်၊ KTV အကုန်ရှိတယ်။ နယ်မှာက အပျော် အပါးဆိုတာ ဗီဒီယိုတွေပဲ ရှိတာလေ။ ရန်ကုန်က လူတွေက သူငယ်ချင်း တွေနဲ့ ချိန်းပြီးသွားလို့ ရတာတွေရှိ တော့ နယ်ကဗီဒီယိုကား ဆယ်ကား ကြည့်ရင်တောင် ရန်ကုန်က လူတွေ က တစ်ကားကြည့်ချင်မှ ကြည့်တာ လေ။ ဒါပေမဲ့ ရန်ကုန်မှာ မဖြန့် တဲ့ကားမရှိသလို နယ်မှာမဖြန့်တဲ့ ကားဆိုတာလည်းမရှိပါဘူး။ သီချင်း တော့ ဆိုဖြစ်ပါတယ်။ အခွေ ကတော့ မထုတ်ချင်လို့မထုတ်သေး တာပါ။ ထုတ်ဖို့ကတော့ မပြော တတ်သေးပါဘူး။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks