- By Popular News
ချစ်စနိုးဦးက
ပထမဦးဆုံး စီးရီးဖြစ်တဲ့ 'ခိုနား ခွင့်ပေးပါ' တေးစီးရီးကို စက်တင်ဘာလ
၉ရက်နေ့မှာ ထွက်ရှိနိုင်အောင်ကြိုးစား စီစဉ်ဖြစ်နေ တယ်လို့ ပြော ပါတယ်။
"အစ်မက အခု စက်တင်ဘာလ ၉ရက်နေ့မှာ အစ်မရဲ့ 'ခိုနားခွင့်ပေးပါ'
စီးရီးလေးထွက်ဖို့ ရှိတယ်။ အဲဒီ့ အခွေလေးထဲမှာ သီချင်းပုဒ်ရေ ၁၁ပုဒ်
(သို့မဟုတ်) ၁၂ပုဒ် လောက် ထည့်ဖို့ စီစဉ် ထားတယ်။ သီချင်း
ရိုးရိုးလေးတွေကို သီဆိုထား တယ်။ ဒီ အခွေ လေး က အစ်မ ရဲ့ ပထမစီးရီး
လေးဖြစ်တဲ့ အတွက် သီချင်း ပုံစံ၃မျိုး လောက်တော့ ထည့်ထား တယ်။ နောက် ပိုင်း
ပရိသတ် က ဒီလိုမျိုးလေးက အစ်မနဲ့ပိုလိုက်တယ် ဆိုရင်တော့ နောက် ဒုတိယစီး
ရီးဆိုရင်တော့ ကိုယ်နဲ့ လိုက်တဲ့ပုံစံကို ဆိုဖြစ်သွားမယ်။ အခု က
ပထမစီးရီးလည်းဖြစ်တော့ အတွေ့အကြုံ လေးတွေတော့ အများကြီး ရတယ်။ အစ်မကို
ကူညီပေးတဲ့ သူ တွေလည်းရှိတော့ အဆင်ပြေတာေ တွလည်းရှိတယ်။ တချို့အခက်အခဲ
လေးတွေလည်း ရှိတယ်။အကောင်းဆုံး တော့ စီစဉ်ထားပါတယ်။ ပရိသတ်ကြီးလည်း အား ပေးကြပါ" လို့ ပြောပါတယ်။ ချစ်စနိုးဦးက သရုပ်ဆောင် ဘက်မှာလည်း အကယ်ဒမီရရှိထားတဲ့ အတွက် အနုပညာအလုပ်မှာ မှတ်တိုင်တစ်ခုရ သလိုမျိုးပဲ အဆို ဘက်မှာလည်း ကိုယ့်ရဲ့ တစ်ကိုယ်တော်အခွေလေးက မှတ်တိုင်တစ်ခုပါပဲလို့ ပြောပါတယ်။
"အစ်မတို့ ကားရိုက်တဲ့ အခါမှာတော့ ကိုယ့်ကိုလာ အပ်တဲ့ ကာရိုက် တာပေါ်မှာ မူတည်ပြီးတော့ ကိုယ် က သရုပ်ဆောင်ရတယ်။ အစ်မရဲ့ စီးရီးကျတော့ အစ်မ ကိုယ်တိုင်ထုတ်တဲ့အတွက် ကိုယ့်စိတ်ကြိုက်လေးေ တွ တော့ လုပ်ခွင့်ရှိတယ်။ ကိုယ့်ရဲ့ စီးရီးလေးကလည်း ကိုယ့် ရဲ့ အဆိုဘက်မှာ မှတ်တိုင်လေးတစ်ခုလို့ ပြောလို့ရပါတယ်။ ဘယ်အနုပညာ အလုပ်မဆိုဘာပဲလုပ်လုပ် အခက်အခဲ တော့ရှိတာပဲ။ သရုပ်ဆောင်ကတော့ ကိုယ်လုပ်နေကျ ဖြစ်တဲ့အတွက် သိပ်ပြီး အခက်အခဲမရှိပေမယ့် အဆို ပိုင်းမှာ ကိုယ်ကအခုမှ စလုပ်သလို ဖြစ်တဲ့အတွက် သူ့ဟာနဲ့သူ အခက် အခဲလေးတွေတော့ ရှိပါတယ်" လို့ ဆို ပါတယ်။ ချစ်စနိုးဦးကတော့ စီးရီးကို အချိန်ပေးလုပ် ဖြစ်နေပြီး လတ်တလောမှာတော့ ကားရိုက်တွေကို နားထားတယ်လို့လည်း ပြောပြခဲ့ပါတယ်။








0 comments:
Post a Comment