-->

Tuesday, August 13, 2013

ပရိသတ်တွေ သိချင်နေတဲ့ ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေ

ပရိသတ်တွေ သိချင်နေတဲ့ ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေယာဉ်မတော် တဆ မှုကြောင့် မန္တလေး ပြည်သူ့ ဆေးရုံမှာ ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော် ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ကောင်းမွန် နေတယ်လို့ သိရပါတယ်။ ဆိုတေးကျန်းမာရေး အခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန် နေကြပါတယ်။ လတ်တလောမှာ အဆိုတော် ဆိုတေး ကွယ်လွန်သွားပြီ ဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီးကပ် ပြုစုစောင့်ရှောက် နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ် မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာ တွေက မဟုတ်ပါဘူး။ ဆိုတေးက သတိပဲ မရသေး တာပါ။ စကားတော့ မပြောနိုင် သေးပါဘူး။ ပါးစပ်မှာ ပိုက်ကတပ်ထား တုန်းပဲ။ ခါတိုင်း ထက်စာရင် လက်တွေ လှုပ်တယ်၊ ခေါင်းလှုပ် တယ်။ ခေါင်းလှုပ်တယ် ဆိုပေမယ့် သတိရ တယ်လို့လည်း ပြောလို့မရသေးဘူး။ ဖြစ်ဖြစ်ချင်း ထက်စာရင် တော်တော် အခြေအနေ တိုးတက် လာပါတယ်" လို့ ပြော ပါတယ်။ အပြင်မှာ ပြောနေကြတဲ့ ကောလာ ဟလများကြောင့် ဆိုတေး ကျန်းမာရေး အခြေအနေကို စိတ်ပူကာ အားလုံးက ဆိုတေး မိသားစုများအား ဖုန်းဆက်မေး နေကြပြီး မိုးလင်း ကတည်းက ဒီသတင်း တွေကို ပြန်လည်ဖြေရှင်း နေရတယ်လို့ ဆိုတေးရဲ့ အဒေါ်ဖြစ် သူ ဒေါ်ချိုကပြော ပါတယ်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks