By ရိုးရာလေး
ရီးရဲလ်မက်ဒရစ်
စတား ခရစ္စတီယာနို ရော်နယ်ဒိုသည် လက်ရှိ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့သို့
ရောက်ရှိနေကြောင်း Sky Sports, ITV နဲ့ C4 တွင် တာဝန် ထမ်းဆောင်နေသော
အယ်ဒီတာ တစ်ဦးက တွစ်တာမှတစ်ဆင့် ပြောကြား သွားခဲ့သည်။ခရစ္စတီယာနို ရော်နယ်ဒိုသည် ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် မန်ချက်စတာ မြို့တော်သို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း အလီစတဲရ် ဖာဂူဆန်က (Sky Sports, ITV နဲ့ C4 အယ်ဒီတာ) တွစ်တာမှ တစ်ဆင့် ရေးသားသွားခဲ့သည်။
အလီစတဲရ်က - "ကျွန်တော့် အနေနဲ့ ဒီသတင်းကို ကြားကြားချင်း တစ်စုံတစ်ယောက်ကို လှမ်းမေးခဲ့ပါတယ်၊ သူက စီရော်နယ်ဒို မန်ချက်စတာ ရောက်နေတယ်ဆိုတာ ဟုတ်ပါတယ်လို့ အတည်ပြု သွားခဲ့ပါတယ်"
"ကျွန်တော်မေးခဲ့တဲ့ သူပြောတာကတော့ ခရစ္စတီယာနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကနေ ကြားတာပါလို့ ပြောတယ်၊ ခရစ္စတီယာနို မန်ချက်စတာကို ရောက်နေပါတယ်"
"ကျွန်တော့်လူ ခုပဲ ထပ်အတည်ပြုပါတယ်။ ခရစ္စတီယာနို မန်ချက်စတာကို ရောက်နေပါတယ်၊ ခရစ္စတီယာနို ယုံကြည်ရတဲ့ အသိုင်းအ၀ိုင်းကနေ ကြားတာပါလို့ ပြောပါတယ်" ဟုတွစ်တာမှ တစ်ဆင့် ရေးသားသွားခဲ့သည်။
အဆိုပါ သတင်းကြောင်း တွစ်တာတွင် ပရိတ်သတ် အတော်များများ မေးမြန်းမှုများ ပြုလုပ်လျက်ရှိနေပြီး၊ အလီစတဲရ်က ခရစ္စတီယာနို မန်ချက်စတာသို့ ရောက်နေသည်သာ သိရှိပြီး၊ မည်သည့် အကြောင်းကြောင်းကြောင့် ရောက်နေသည်ကို မသိရကြောင်း ဖြေကြားမှုများ ပြုလုပ်နေသည်။ ထပ်မံ၍ ၎င်းက ဗုဒ္ဓဟူးနေ့တွင် ပေါ်တူဂီနှင့် ဟော်လန်တို့ ချစ်ကြည်ရေး ပွဲစဉ်ရှိနေသည်ကို ခရစ္စတီယာ အနေဖြင့် မန်ချက်စတာ သို့ ရောက်နေသည်ကို စဉ်းစားရကြပ်နေကြောင်း ရေးသားသွားခဲ့သည်။
http://football-cafe.com/index.php








0 comments:
Post a Comment