-->

Tuesday, August 13, 2013

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကား ထိုင်းနိုင်ငံတွင် ပြသမည်

နေ့စဉ်မိုးလေ၀သသတင်း Tuesday, August 13, 2013  (၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့၊ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)  ဘင်္ဂလားပင်လယ်အော်အခြအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ  အားအသင့်အတင့် ရှိနေပါသည်။  ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့   တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊  ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့   အပြားမိုးထစ်ချုန်းရွာပြီး၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့ တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်၊  ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်၊  မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။  နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသများတွင်မိုးပိုလာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာ ကွက်ကျားမိုးထစ်ချုန်း ရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။  မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမြန်မာနိုင်ငံတွင် ရုံတင် ပြသနေဆဲ ဖြစ်သည့် ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ထိုင်းဘာသာ စကားဖြင့် စာတန်းထိုး၍ ပြသသွားမည် ဖြစ်ကြောင်း ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာ စင်ရော်မောင်မောင်က The Voice သို့ ပြောကြားသည်။
ပန်းကြာဝတ်မှုန် ဇာတ်ကား၏ ဝင်ငွေရရှိမှု အခြေအနေနှင့် ပတ်သက်ပြီး “အခုထိကတော့ ရှုံးနေတုန်း ပဲ။ နိုင်ငံခြားမှာ ရုံတင်ပြီးလို့ ဝင်ငွေ ရလာ ရင်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားရကျိုး နပ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကတော့ ကြောက်ခမန်း လိလိပဲ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားမှာ ၂၀၁၁ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ထူးချွန်ဆု အများအပြား ရလိမ့်မည်ဟု ပရိသတ်များနှင့် မီဒီယာများက ထင်ကြေးပေး ခန့်မှန်းခဲ့ကြသော်လည်း အကောင်းဆုံး ဓာတ်ပုံဆုနှင့် အသံဆု နှစ်ဆုသာ ရရှိခဲ့သည်။
ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ထားသည့် သရုပ်ဆောင် နိုင်နိုင်းကလည်း အကယ်ဒမီ ထူးချွန်ဆုနှင့် လွဲခဲ့ရသော်လည်း ပရိသတ်များ ဆန္ဒဖြင့် ပေးအပ်သည့် အကယ်ဒမီဆုကို ရရှိသလို ခံစားရ၍ ဝမ်းသာ ပျော်ရွှင်မိကြောင်း ပြောကြားသည်။ ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမ ခင်ခင်ထူး၏ ဝတ္ထုကို ရိုက်ကူးထားခြင်း ဖြစ်ပြီး နိုင်နိုင်း၊ ဖြိုးငွေစိုး၊ သက်မွန်မြင့်၊ မေကဗျာ၊ သီရိရှင်းသန့်တို့ ပါဝင် သရုပ်ဆောင်ထားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks