-->

Tuesday, August 13, 2013

သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆို

သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆိုအမျိုးသမီး များတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ် ကင်ဆာကို ခွေးများ အား လေ့ကျင့်ပေးပြီး အနံ့ခံခိုင်း ရုံဖြင့် သိရှိနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား သုတေသီ များက လက်တွေ့ ပြသခဲ့သည်။ လူနာများ လှူဒါန်းသည့် သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုပြီး ပင်ဆယ်ဗေးနီးယား တက္ကသိုလ်ရှိ ခွေး သုတေသန ဌာနသည် ခွေး သုံးကောင်ကို အနံ့ခံ တတ်စေရန် လေ့ကျင့်ပေး ခဲ့ကြောင်း၊ အထူးသဖြင့် သားအိမ် ကင်ဆာကို အနံ့ခံတတ်ရန် လေ့ကျင့်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။ မိုနဲလ် ဓာတု အာရုံခံစနစ် ဌာနကလည်း ခွေးများနည်းတူ အာရုံခံနိုင်သည့် အီလက်ထရွန်နစ် ဆင်ဆာ စနစ်ကို တီထွင်နိုင် ခဲ့ကြောင်း ဓာတုဗေဒ ပညာရှင် ဂျော့ပရက်တီက ပြောကြား ခဲ့သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks