-->

Thursday, June 20, 2013

ကချင်ဒုက္ခသည်များ မိုးတွင်း၌ နေရပ်ပြန်ရန်မလွယ်

ကချင်ဒုက္ခသည်များ မိုးတွင်း၌ နေရပ်ပြန်ရန်မလွယ်ကချင် ဒုက္ခသည်များ ယခုနှစ် မိုး တွင်းတွင် နေရပ်ပြန်နိုင်ရန် မလွယ်ကူ ကြောင်း ကချင်လူမှု အဖွဲ့အစည်းများထံ မှ သိရသည်။ ယခုလအ တွင်း နေပြည်တော်၌ ပြုလုပ် ခဲ့သော ကမ္ဘာ့ စီးပွားရေး ဖိုရမ် တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း အား ပေါ်ပြူလာ နယူးစ်က မေးမြန်းရာ မိုးတွင်းတွင် ကချင် ဒုက္ခသည်များ နေရပ်ပြန်ရေး ဆောင်ရွက် မည်ဟု ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားမှု အပေါ် ကချင်လူမှု အဖွဲ့အစည်း များက အထက်ပါ အတိုင်း ပြန်လည်ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ဒုက္ခ သည်များ၏ နေရပ်ရွာရှိ နေ အိမ်များတွင် နေထိုင်နိုင်အောင် လုပ် ပေးရမည် ဖြစ်ကြောင်း၊ အသက်မွေးဝမ်း ကျောင်း သစ်သီးခြံများလည်း မရှိသ လောက်ဖြစ်နေပြီး၊ ရွာပြန် လယ်ထွန်ရန် ကိရိယာတန်ဆာ ပလာတို့လည်း မရှိ တော့ကြောင်း၊ လုံခြုံရေး၊ စားဝတ်နေ ရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံး အခက်အခဲ ရှိနေခြင်းကြောင့် ကချင်ဒုက္ခ သည်များ ယခုနှစ် မိုးတွင်း အိမ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း Kachin Peace Network မှ မခွန်ဂျာက ပြောသည်။
”ကချင်ပြည်နယ်ထဲက ရှမ်းရွာတွေ ကတော့ ဖြစ်နိုင်ပါတယ်။ မီးမရှို့ မပျက် စီးဘူးလေ။ သူတို့ရွာတွေမှာတော့ တိုက် ပွဲ သိပ်မရှိဘူး။ ကချင်ဒုက္ခသည်ဆိုရင် ရွာထဲကတပ်တွေ နေရာပြောင်းပေးရ မယ်။ ကချင်တွေအတွက်ဆိုရင်တော့ မဖြစ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။ရွာများတွင် ဘေးအန္တရာယ် လုံ ခြုံရန် အာမခံချက်ပေးရ မည်ဖြစ်ပြီး အ ချို့ရွာများတွင် စာသင်ကျောင်းကို တပ် အဖြစ်အသုံးပြုထား၍ စာသင်ကျောင်း များ ပြန်လည်တည်ဆောက်ပေးရမည်ဟု ၎င်းက ပြောသည်။
ကချင်အရေး ဆောင်ရွက်နေ သည့် အဖြူရောင်တွဲလက်များ အဖွဲ့မှ ကိုဘိုဘိုကလည်း ဒုက္ခသည်များ ပြန် မည်ဆိုပါက အချို့စခန်းများ အတွက် ဖြစ်နိုင်သော်လည်း အချို့စခန်းများမှာ မူ မဖြစ်နိုင်သေးကြောင်း၊ ၎င်းတို့အတွက် မြေမြှုပ်မိုင်းကိစ္စ၊ လုပ်ကိုင်စား သောက်ရန် ပြန်လည်ရပ်တည်ရန် အ တွက် ခံစားနေရသော အခက်အခဲများ ကို ကူညီဆောင်ရွက်ပေးနိုင်မည့် အခြား အဖွဲ့အစည်းများ သိအောင်လည်း လုပ် ဆောင်သင့်ကြောင်းပြောသည်။ ”သူတို့ရွာပြန်ဖို့က နှစ်ဖက်ပေါင်း ပြီး ညှိနှိုင်းမှ အဆင်ပြေမှာ”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းကမူ IDP တွေကို မိုးတွင်း မှာ ရအောင်ခေါ်မယ်။ မခေါ်လို့ရှိရင် စပါးမထွက်ဘူး။ ဒီအချိန်မှာ ခေါ်ရင် လယ်ထွန်လို့ရမယ်။ စပါးစိုက်လို့ရတော့ ဆန်ထောက်ပံ့ဖို့ သက်သာလာမယ်”ဟု ဆိုသည်။မေလကုန်က မြစ်ကြီးနားတွင် ပြု လုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် IDP များ နေရပ်ပြန်ရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက် သွားရန် သ ဘောတူပြီးဖြစ်ကြောင်း နှစ်ဖက် တပ် နေရာချထားရေးအတွက် ထပ်မံဆွေး နွေးရာတွင် IDP ကိစ္စကိုလည်း ထပ်မံ ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
”တပ်မတော်၊ စစ်သားတွေက သေနတ်တွေထားခဲ့၊ KIO ကလည်း သေနတ်တွေထားခဲ့၊ ပြီးရင် တူတူပေါင်း ပြီး လယ်တွေပြန်ဖော်ပေးမယ်။ ရွာတွေ ပြန်လုပ်ပေး မယ်။ ဒါလေးတွေတော့ တိုင်ပင်တာရှိတာပါ့”ဟု ဦးအောင်မင်း က ပြောသည်။၂ဝ၁၁ ခုနှစ် ဇွန်လက တပ်မတော် နှင့် KIO ကြားဖြစ်ပွားခဲ့သော တိုက်ပွဲ များကြောင့် နေရပ်စွန့်ခွာခဲ့ရသူ ဒုက္ခ သည်များအတွက် မြစ်ကြီးနား၊ ဝိုင်းမော်၊ မန်စီ၊ ဗန်းမော် စသည်တို့တွင် ဒုက္ခ သည်စခန်းများ ဖွင့်ထားပြီး ဒုက္ခသည် တစ်သိန်းခန့်ရှိကြောင်း သိရသည်။
မေဇင်ဝင်း၊ သုတလင်း

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks