မန်ယူနည်းပြဘ၀ ဖာဂူဆန်ရဲ့ ပထမဆုံး ကစားသမားစာရင်းစာရွက်ကိုလေလံတင် ရောင်းချရာမှာ
ပေါင် ၁၉၅၀၀ရခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့က ကစားခဲ့တဲ့ အောက်စ်ဖို့ဒ်နဲ့ ပွဲစဉ်ဟာ ဖာဂူဆန်အတွက် မန်ယူနည်းပြဘ၀ ပွဲဦးထွက်ဖြစ်ပြီး အဲဒီပွဲမှာ မန်ယူတို့ ၂ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။
ဖာဂူဆန်လက်မှတ်ပါတဲ့ အဲဒီပွဲက ကစားသမား စာရင်းစာရွက်ကို ကြမ်းခင်းဈေး ပေါင်၃၀၀၀နဲ့လေလံ
စတင်ခဲ့ပေမယ့် တရုတ်နဲ့ အမေရိက,က ၀ယ်လိုသူတွေကြောင့်ဈေးနှုန်းမြင့် သွားခဲ့ပြီး ခြောက်ကြိမ်အထိ ဈေးပြိုင်ဖြစ်
သွားခဲ့ရာမှာနောက်ဆုံးဈေးပေါင် ၁၉၅၀၀နဲ့လေလံပြီးခဲ့တာပါ။ ဖာဂူဆန်ရဲ့ မန်ယူနည်းပြဘ၀ ပထမဆုံး ကစားသမား စာရင်းစာရွက်ကို ၀ယ်ယူခဲ့တာကအောက်စ်ဖို့ဒ်ပရိသတ် တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
zaw zaw tun








0 comments:
Post a Comment