-->

Thursday, July 18, 2013

အယ်လ်ကန်တာယာ၏ နံပါတ် ၁၁ ဂျာစီကို နေမာ ၀တ်ဆင်မည်

By ရိုးရာလေး

အယ်လ်ကန်တာယာ၏ နံပါတ် ၁၁ဂျာစီကို နေမာ ၀တ်ဆင်မည်ဘာစီလိုနာ တိုက်စစ်မှူး နေမာသည် ဆန်းတို့စ်တွင် ၀တ်ဆင်ခဲ့သည့် နံပါတ် ၁၁ ဂျာစီကို ၀တ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ အက်သလက်တီကိုမှ ဒေးဗစ်ဗီလာ
ကိုခေါ်ယူခဲ့ပြီးနောက် နေမာအနေဖြင့် နံပါတ် ၇ ဂျာစီ ၀တ်ဆင်လိမ့်မည်ဟူသော ခန့်မှန်းမှုများ ပေါ်ထွက်ခဲ့သော်
လည်း နေမာကိုယ်တိုင်ကမူ နံပါတ် ၁၁ ဂျာစီကိုသာ ၀တ်ဆင်လိုခဲ့ပြီး ဘိုင်ယန်မြူးနစ်သို့ အယ်လ်ကန်တာယာပြောင်းရွှေ့သွားခဲ့ပြီးနောက် ၎င်း၏ဆန္ဒ ပြည့်ဝသွားခဲ့ခြင်း ဖြစ်သည်။
နေမာသည် တိုက်ကြီးများဖလား ပြိုင်ပွဲဝင် ဘရာဇီးအသင်းတွင် နံပါတ် ၇ အကျီင်္ကို ၀တ်ဆင်ခဲ့သော်လည်း ယခင် နံပါတ် ၁၁ ဂျာစီကို ၀တ်ဆင်ခဲ့သူဖြစ်ပြီး ဆန်းတို့စ်နှင့်အတူအောင်မြင်မှု
ရယူနိုင်ခဲ့သည့် အဆိုပါ အကျီင်္ကိုပင် ဆက်လက်ဝတ်ဆင်ရန် လိုလားခဲ့သူဖြစ်သည်။

zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks