-->

Thursday, July 18, 2013

တယ်လီနောဝန်ထမ်း သြဂုတ်လတွင် စခေါ်မည်

By The Voice Journal

တယ်လီနောဝန်ထမ်း သြဂုတ်လတွင် စခေါ်မည်ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် ရွေးချယ်ခံ ထားရသည့် ကုမ္ပဏီ  တယ်လီနောက သြဂုတ်လတွင် ဝန်ထမ်းစတင်ခေါ်ယူမည် ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် တာဝန်ထမ်းဆောင်ရန် လျာထားခံရသော Mr.Petter Furberg က The Voice သို့ ပြောကြားသည်။
တယ်လီနောက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် တယ်လီနောမြန်မာ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်မည့် ပြည်တွင်းပြည်ပ ဝန်ထမ်း များကို သြဂုတ်လအတွင်း စတင်ခေါ်ယူသွားမည်ဖြစ်ပြီး လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်းပမာဏကို သတ်မှတ် သွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ ခန့်အပ်ခံရသော ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရန် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း လေ့ကျင့် သင်ကြားမည်ဟု ၎င်းကဆိုသည်။
“ပြည်ပကို ရောက်နေတဲ့ မြန်မာ တချို့ကလည်း တယ်လီနောမြန်မာ ကုမ္ပဏီမှာ တာဝန်ထမ်းဆောင် ချင်တယ်ဆိုပြီး ဆက်သွယ် လာတာတွေ ရှိပါတယ်။ နောက်ပြီး ပြည်ပပညာရှင်တွေလည်း ခန့်ထားမှာပါ” ဟု ၎င်းကဆိုသည်။ ဝန်ထမ်းခေါ်ယူမှုများကို မီဒီယာများမှ တစ်ဆင့် ကြေညာခေါ်ယူ သွားမည် ဖြစ်ပြီး လိုအပ်သော အရည် အချင်းများကို ယင်းအချိန်တွင် သိရှိရမည် ဖြစ်ကြောင်း တယ်လီနော ကုမ္ပဏီထံမှ သိရှိရသည်။ ယင်းကုမ္ပဏီသည် ပြည်တွင်းဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
“တင်ဒါအောင်တဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေ ဘယ်တော့လူခေါ်မလဲ စောင့်နေတာ။ စခေါ်ရင်သွားလျှောက်မှာ။ သူတို့ဆီမှာ လုပ်ချင်နေတာကြာပြီ” ဟု အီလက်ထရွန်နစ် ကုမ္ပဏီတစ်ခုမှ အရောင်းတာဝန်ခံ ဦးကျော်ကျော်လင်းက ပြောဆိုသည်။ တယ်လီနောက လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းလ်ဝန်ဆောင်မှုများ စတင်ပေးအပ်မည်ဖြစ်ပြီး ဆင်းမ်ကတ် အရောင်းဆိုင် ခုနစ်သောင်းကျော်နှင့် ငွေဖြည့်ကတ် အရောင်းဆိုင် ကိုးသောင်းကျော် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။
နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောသည် ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရိုး၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ဆားဘီးယား စသည့်နိုင်ငံတို့တွင် ၎င်း၏ မိုဘိုင်းလ်ဝန်ဆောင်မှု အသုံးပြုသူ အရေအတွက် ၁၄၈ သန်း ရှိသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks