-->

Thursday, July 18, 2013

မိုးယုစံပြောတဲ့ မီဒီယာ

By 8 Days

မိုးယုစံပြောတဲ့ မီဒီယာမီဒီယာဆိုတာ ကတော့ သတင်းလိုက်ရမှာ မီဒီယာရဲ့ အလုပ်ပေါ့။ မိုးယုတို့ ပြိုင်ပွဲတွေ ဝင်ကြတဲ့ အချိန်တုန်း ကလည်း မီဒီယာက သူတို့ အလုပ်သူတို့ လုပ်ကြတာပဲ။ မိုးယုတို့ရဲ့ ပြိုင်ပွဲတွေ အကြောင်းရေး ကြတယ်။ အဲဒီလိုရေးတဲ့ အခါ ပရိ သတ်တွေက ဂျာနယ်ဖတ်ပြီး မိုးယု တို့ကိုသိတယ်။ အဲဒါက နှစ်ဦးနှစ် ဖက် အပြန်အလှန် ပါပဲ။ မီဒီယာ ကောင်းကျိုး ဆိုးကျိုးက သူများ အကြောင်းတော့ မိုးယုမသိဘူး။ မိုးယု ကိုယ်ကတော့ အခု ထက်ထိ ဆင်ဆာနဲ့ ပတ်သက်တဲ့ ဆိုး ကျိုးတွေ မကြုံရ သေးပါဘူး။ ကြုံဖို့ ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ပါ ဘူး။ ဘာလို့လဲ ဆိုတော့ မိုးယုက မြန်မာနိုင်ငံက မြန်မာ လူမျိုးတစ် ယောက်ဖြစ်လို့ တခြားနိုင်ငံက ကား တွေကို အတုခိုးပြီး ရိုက်မယ့် ကားမျိုး ကိုယ့်ဆီလည်း လာမှာ မဟုတ်ဘူး။ လာခဲ့လို့ရှိရင်လည်း လက်ခံရိုက်ကူး ပါဘူး။ မီဒီယာတွေက သူတို့အ လုပ်ဖြစ်တဲ့ သတင်း လိုက်မယ်။ ဒါ ပေမဲ့ ကိုယ်လုပ်တဲ့ အလုပ်ကို မီဒီ ယာတွေက ဖြန့်ဝေပေးမှ ပရိသတ် တွေက ပိုသိမှာပါ။ မိုးယုက တခြား သူတွေကို မဝေဖန်တတ်ဘူး။ ပွင့် ပွင့်လင်းလင်း ပြောရရင် မီဒီယာတွေ အတွက် အနုပညာရှင် ဆိုတာလို အပ်သလို အနုပညာရှင်တွေအ တွက်လည်း မီဒီယာတွေရဲ့ ပံ့ပိုးမှု က အများကြီး လိုအပ်ပါတယ်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks